အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ သီချင်းဆိုကောင်းသလို သရုပ်ဆောင်ပိုင်းမှာလည်း အပိုအလိုမရှိအကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ အနုပညာအရည်အချင်းတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ သီဟလွင်နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ စန္ဒီမြင့်လွင်က ချစ်စရာကောင်းတဲ့ သမီးလေးတစ်ဦး ထွန်းကားခဲ့ပါတယ်။

Photo Credit-Amazing Grace Photography
Photo Credit-Thidar Khin's FB

စန္ဒီမြင့်လွင်ကတော့ ပထမဆုံးရင်သွေးရတနာလေးဖြစ်တဲ့ သမီးဦးလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်မြတ်နိုးသလို သမီးလေးကလည်း မေမေနဲ့နှုတ်ခမ်းလေးတွေကအစ တစ်ထေရာတည်းတူတာ ဖြစ်ပါတယ်။ အခုလည်း စန္ဒီမြင့်လွင်က သီချင်းအသစ်တွေပြန်လုပ်ဖို့ စတူဒီယိုဝင်တော့မယ်ဆိုမှ သူမရဲ့ပါးစပ်ထဲမှာအမြဲစွဲနေတဲ့ သီချင်းတစ်ပုဒ်ရှိကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။

Photo Credit-Dee Dee's FB
Photo Credit-Dee Dee's FB
Photo Credit-Dee Dee's FB

စန္ဒီမြင့်လွင်က " စတူဒီယိုပြန်ဝင်တော့မယ် သီချင်းအသစ်လဲရှိနေပီသီချင်းကျင့်ဦးမှပါ ဆိုမဲ့သီချင်းပါးစပ်ထဲမရောက်ပဲ ပါးစပ်ထဲစွဲနေသောသီချင်းက(အိမ်ရှေ့ကခြံလေးကွင်းပြင်မှာခိုကလေးဆယ်ကောင်နေ့တိုင်းလာ အစာရှာနေတဲ့ငှက်ကလေးတွေ သမီးလေးအနားကိုနေ့တိုင်းလာ ပဲဆန်ပြောင်းဆန် သမီးလေးကကျွေးဦးမှာ )အဲ့သီချင်းပဲရတယ်သမီးကိုသိပ်ရင်းအဲ့သီချင်းပဲရတယ် ပရိုဂျူဆာမတ်မတ်ရေThida Hlaing ဘိုလုပ်ကြမလဲ" ဆိုပြီး သူမရဲ့အဖြစ်ကို ပြောပြထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Dee Dee's FB

Photo Credit-Thidar Khin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။