ပရိသတ်တွေအရမ်းချစ်ရတဲ့ စိုးပြည့်သဇင်ဟာဆိုရင် အနုပညာလောကမှာ ဝါသနာအရလျှောက်လှမ်းနေတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်နော်။စိုးပြည့်လေးရဲ့အလှကလည်း ယဉ်ယဉ်လေးနဲ့အရမ်းချစ်စရာကောင်းပြီး နှစ်ခါပြန်ငေးရမယ့်အလှမျိုးပါနော်။စိုးပြည့်ကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်းအများအပြားရှိတာကြောင့် သူမကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

စိုးပြည့်က စိုးညီအစ်မတွေထဲမှာအငယ်ဆုံးလေးဖြစ်ပြီး မကြီးစိုး၊ဒါဒါတို့လိုပဲ အိုင်တင်အရမ်းကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ချစ်မကြီးတွေရဲ့စကားကိုလည်း နားထောင်ပြီး အကြံဉာဏ်ပေးတာတွေကိုလည်းလုပ်ဆောင်ပါတယ်နော်။စိုးညီအစ်မတွေက တစ်ယောက်တစ်မျိုးလှကြပြီး မရိုးနိုင်တဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာဖြစ်လို့ ပရိသတ်တွေကလည်း စိုးညီအစ်မလေးယောက်လုံးကို အားပေးချစ်ခင်ကြပါတယ်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

အခုလက်တလောမှာ စိုးပြည့်က အလုပ်ကိစ္စအတွက် ပူတာအိုမြို့ကိုရောက်ရှိနေပြီး အဆိုတော်နီနီခင်ဇော်နဲ့အတူ အလုပ်တွေတွဲပြီးလုပ်ကိုင်နေပါတယ်။နီနီနဲ့စိုးပြည့်တို့နှစ်ယောက်ကတော့ ခင်မင်ရင်းနှီးစွာနဲ့ အပြန်အလှန်ကူညီကြပြီး အခုဆိုရင်လည်း ကချင်ဝတ်စုံလေးတွေဆင်တူဝတ်ထားကြပါတယ်နော်။စိုးပြည့်ကတော့ သာယာလှတဲ့ပူတာအိုမြို့လေးမှာ အရမ်းပျော်ရွှင်နေပြီးအေးချမ်းနေတဲ့ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

Photo Credit:Soe Pyae Thazin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။