ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး သန္တာဗိုလ်ကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို မင်းသားချောလေး ကောင်းပြည့်နဲ့အတူ သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကို နှစ်ယောက်အတူ ရိုမန်တစ်ဆန်ဆန်လေး ဖြတ်သန်းနေသူမို့လည်း ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေကို ရရှိထားတာပါ..။

Photo Credit - Thandar Bo’s Facebook
Photo Credit - Thandar Bo’s Facebook

သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို ချစ်ပရိသတ်တွေအတွက် အမြဲပြန်လည်မျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ဆွဲဆောင်မှုရှိရှိ အမိုက်စား ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်..။

လူငယ်ဆန်ဆန်လွတ်လပ်ပေါ့ပါးတဲ့ အနက်ရောင်ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိရှိ ကျော့ရှင်းစွာလှနေတဲ့ သန္တာဗိုလ်ရဲ့ အမိုက်စားပုံရိပ်လေးတွေကတော့ ပုရိသပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကိုတောင် အချစ်ပိုစေမှာပါနော်..။

Photo Credit - Thandar Bo’s Facebook
Photo Credit - Thandar Bo’s Facebook

စူပါမော်လ်ဒယ်တစ်ဦးအဖြစ် Show ပွဲတွေရဲ့ စင်မြင့်တွေတော်တော်များများမှာ မကြာခဏမြင်တွေ့ရလေ့တဲ့ သန္တာဗိုလ်ကတော့ အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်..။

ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့ သူမရဲ့အမိုက်စားပုံရိပ်လေးတွေကိုတော့ သန္တာဗိုလ်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝေမျှထားတာမို့ ချစ်ပရိသတ်တွေအားလုံးအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Thandar Bo’s Facebook
Photo Credit - Thandar Bo’s Facebook

Photo Credit - Thandar Bo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။