ကျန်းမာစိုပြေတဲ့အသားရေအတွက်ဆိုရင် ရေဓာတ်အမြဲပြည့်ဝနေဖို့လိုအပ်ပါတယ်...။ ဒါကြောင့်မလို့ ရေဓာတ်အမြဲပြည့်ဝနေဖို့ လွယ်ကူပေါ့ပါးတဲ့ နည်းလမ်းလေးတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်...။ ရေချိုးတဲ့အခါ....ရေနွေးနဲ့ ကြာကြာချိုးတာဟာ အရေပြားမှာရှိတဲ့ ပိုးမွှားတွေကနေ အကာကွယ်ပေးနိုင်တဲ့ အဆီလွှာလေးကိုခမ်းခြောက် ပျက်စီးစေပြီး ကိုယ့်ရဲ့အသားရေကိုမွဲခြောက်၊ ထိခိုက်လွယ်စေပါတယ်...။ အကာကွယ်အဆီလွှာ မရှိတော့တဲ့အတွက် ပိုးတွေ၊အညစ်အကြေးတွေ ဝင်လွယ်ပါတယ်...။

photo credit pngtree

ဒါကြောင့် ရေအေးနဲ့ချိုးတာကအသားရေအတွက်ပိုသင့်တော်ပါတယ်...။ ပြီးတော့ ရေချိုးတာကဆယ်မိနစ်ထက်လည်း ပိုမကြာသင့်ပါဘူးနော်....။ ရေဓာတ်ခန်းမခန်းစစ်ဆေးကြည့်တဲ့ အခါမှာ ကိုယ့်အသားအရေက ရေဓာတ်ခန်းခြောက်နေပြီလားဆိုတာကို လွယ်လွယ်လေးနဲ့သိနိုင်ပါတယ်...။ လက်မောင်းဖြစ်ဖြစ်၊ ခြေထောက်ဖြစ်ဖြစ် ကိုယ့်လက်သည်းလေးနဲ့ ခပ်သာသာကုတ်ခြစ်ကြည့်လို့ အဖြူအဆင်းကြီးဖြစ်ပြီး အဖက်ဖက်တွေ ဖွာထွက်နေတယ်ဆိုရင်တော့ ရေဓာတ်လိုအပ်နေပါပြီ....။

photo credit pngtree

ရေဓာတ်ကို ပြန်လည်ဖြည့်ဆည်းဖို့အတွက် နေ့စဉ်ရေသောက်နှုန်းကို မြှင့်ရပါမယ်...။ တစ်နေ့ကိုရေဖန်ခွက် ၇ ခွက်နှုန်းသောက်ပေးရပါမယ်...။ အရည်ရွှမ်းတဲ့အသီးအရွက်တွေ များများစားပေးရမှာဖြစ်ပါတယ်...။ အုန်းရည်၊ ဖရဲသီး၊ သခွားသီး၊ ကီဝီသီး၊ မုန်လာဥနီ၊ နာနတ်သီးစတဲ့ အရည်ရွှမ်းတဲ့ သစ်သီးတွေ စားသုံးတာကလည်း ရေဓာတ်နည်းပါးတာကိုကာကွယ် ပြုပြင်ပေးနိုင်ပါလိမ့်မယ်...။ ပြီးတော့ "moisturizer" ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်မျိုး ဖြစ်ဖြစ်၊ သဘာဝထဲကဆိုရင် ရှားစောင်းလက်ပက်အနှစ်လိမ်းတာ၊ သခွားသီးကပ်တာဖြစ်ဖြစ် ပုံမှန်လုပ်ပေးရမှာဖြစ်ပါတယ်....။

source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။