ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခခုရယူထားနိုင်တဲ့ ဟန်တီကတော့ ယခုမှာ အင်ဒိုနီးယားကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဟန်တီကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကြီးပြတိုက်ကို သွားရောက်လည်ပတ်ရင်း မြန်မာနိုင်ငံရဲ့ အမျိုးသားပြတိုက်ကို သတိရနေပါတယ်။

photo credit : Han Thi 's facebook
photo credit : Han Thi 's facebook
photo credit : Han Thi 's facebook

ဒီနေရာလေးက Ullen Sentalu Museum ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာဗား ယိုဂျကာတာရဲ့ Kailurang highland မှာတည်ရှိပါတယ်။ဒီပြတိုက်ကို (၁၉၉၄)ခုနှစ်မှာ Haryono မိသားစုကတည်ထောင်ခဲ့ပြီး မတ်လ(၁)ရက် (၁၉၉၇)ခုနှစ်မှာ တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။ယခုအခါမှာတော့ Ulating Biencong ဖေါင်ဒေးရှင်းက ဆက်လက်ထိမ်းသိန်းစောင့်ရှောက်ထားပါတယ်။

photo credit : Han Thi 's facebook
photo credit : Han Thi 's facebook
photo credit : Han Thi 's facebook

သူမကတော့ " ဒီပြတိုက်အတွင်းမှာတော့ တော်ဝင်အိမ်ရာများနဲ့ ဂျာဗားမျိုးနွယ်စုတွေဖြစ်တဲ့ ယိုဂျကာတာ,ပခုအလမ်,ဆုရကာတာနဲ့ မန်ကုနီဂရန်တို့ရဲ့ လူနေမှုစနစ်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီပြတိုက်ကိုတွေ့ရတော့ ဟန်တီတို့ရဲ့ အမျိုးသားပြတိုက်ကို သတိရမိပါတယ်။ " ဆိုပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ အတူ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

SOURCE: Han Thi 's facebook 

photo credit : Han Thi 's facebook
photo credit : Han Thi 's facebook
photo credit : Han Thi 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။