မြန်မာ့လက်ရွေးစင် အသင်းအသီးသီး၏ မကြာမီကာလ အတွင်းယှဉ်ပြိုင် ကစားရမည့် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) အပါအဝင် အာရှ၊ အာဆီယံနှင့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီး အတွက် ကြိုတင်ပြင်ဆင်မှုများနှင့် စပ်လျဉ်း၍ နည်းပြချုပ်များမှ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့နှင့် တာဝန်ရှိသူများထံ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မနက် (၁၀း၀၀)နာရီက Novotel Yangon Max တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။

PHOTO CREDIT : MFF 'S FACEBOOK
PHOTO CREDIT : MFF 'S FACEBOOK
PHOTO CREDIT : MFF 'S FACEBOOK

လက်ရွေးစင် အသင်းနည်းပြချုပ် မီရိုဒရပ်က ပြီးခဲ့သည့် မွန်ဂိုလီးယား၊ ဂျပန် စသည့်အသင်းများနှင့် ယှဉ်ပြိုင်ခဲ့ရာတွင် လက်ရွေးစင် အသင်း၏ အားသာချက် အားနည်းချက်များကို ပြန်လည်သုံးသပ် တင်ပြခဲ့ပြီး ကစားသမားများ၏ လက်ရှိအခြေအနေနှင့် လာမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ၊ အာရှဖလား ခြေစစ်ပွဲ၊ ဆူဇူကီးဖလား ပြိုင်ပွဲတို့အတွက် ရည်မှန်းချက်များကို ဦးစွာရှင်းလင်း တင်ပြခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းနည်းပြချုပ် ဦးဝင်းသူမိုးက ပြီးခဲ့သည့် ပြိုင်ပွဲများတွင် မြန်မာအမျိုးသမီး အသင်းယှဉ်ပြိုင်ခဲ့မှုနှင့် ရလဒ်များ၊ နိုင်ငံတကာ ခြေစမ်းပွဲများ ပိုမို ကစားရန် လိုအပ်သည့် အတွက် ဆက်သွယ်ဆောင်ရွက်နေမှုများ၊ အာဆီယံ အမျိုးသမီး ဘောလုံးလောက အခြေအနေနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း၏ လက်ရှိအဆင့်အတန်း အနေအထား တို့ကို ရှင်းလင်းတင်ပြခဲ့ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဗဟန်း မြက်ခင်းတုကွင်းတွင် လေ့ကျင့်နေမှုများနှင့် တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၈ မှ ၁၅ ရက်နေ့အထိ သွားရောက်လေ့ကျင့် မည့်အခြေအနေများအား ဆက်လက်ရှင်းလင်း တင်ပြခဲ့ပါတယ်။

PHOTO CREDIT : MFF 'S FACEBOOK
PHOTO CREDIT : MFF 'S FACEBOOK
PHOTO CREDIT : MFF 'S FACEBOOK

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အနေဖြင့်လည်း အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ နှင့် နိုင်ငံတကာ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရေး ပြင်ဆင်ထားရှိမှုများ၊ လေ့ကျင့်နေမှုများအား မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်း နည်းပြချုပ် ဦးဌေးမြင့်က ရှင်းလင်းတင်ပြခဲ့သည်။အခမ်းအနားတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က " အခုလို နေရှင်နယ်လိဂ် ပြိုင်ပွဲတွေ ပရိသတ်အားပေးမှု မြင့်တက်လာတာ တကယ့်ကို ကျေနပ်စရာ ကောင်းပါတယ်။ ရုပ်သံတွေ အနေနဲ့ရော ပရိသတ်တွေ အနေနဲ့ရော ကျေနပ်စရာပါ။ အဲ့ဒီအတွက် ကြိုးစားပေးခဲ့ကြတဲ့ ကလပ်အသင်းပိုင်ရှင် တွေကို ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ပါတယ်။ လိဂ်ပြိုင်ပွဲ ကျင်းပရေးနဲ့ အားစိုက်ခဲ့သူတွေ အတွက် နောင်နှစ်တွေမှာ အခုထက်ပိုပြီး လုပ်ရတာ အဆင်ပြေသွားမှာပါ။ အမျိုးသမီး ဘောလုံးကော်မတီ အဖွဲ့ဝင်တွေအားလုံးကိုလည်း ပူးပေါင်းဆောင်ရွက်မှုတွေ အတွက်ကျေးဇူးတင်ပါတယ်။" ဟု ဆိုပါတယ်။

source: MFF 'S FACEBOOK

PHOTO CREDIT : MFF 'S FACEBOOK
PHOTO CREDIT : MFF 'S FACEBOOK
PHOTO CREDIT : MFF 'S FACEBOOK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။