ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ထူးထူးဆန်းဆန်း ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာ တိရစ္ဆာန်တွေဆီကနေ ထုတ်ယူထားတဲ့ အဆိပ်တွေထဲမှာမှ ကမ္ဘာ့ဈေးအကြီးဆုံး အဆိပ်နှစ်မျိုးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီလို ထုတ်ယူထားတဲ့ အဆိပ်တွေဟာ ဆေးဖက်ဆိုင်ရာမှာ သို့မဟုတ် တခြားနေရာတွေမှာ အသုံးတည့်တာမို့ ဈေးကွက်အခိုင်အမာတည်ရှိနေတယ်လို့တောင် ပြောလို့ရပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : Pngtree

တိရစ္ဆာန်တစ်မျိုးချင်းစီရဲ့ အဆိပ်တွေဟာ တစ်မျိုးနဲ့ တစ်မျိုး အသုံးဝင်တဲ့နေရာမတူတာကြောင့် ဈေးနှုန်းတန်ကြေးကလည်း ကွဲပြားခြားနာပါတယ်။ ဒီလို အဆိပ်တွေကို ရောင်းချတဲ့ ဈေးကွက်မှာ လက်ရှိဈေးအကြီးဆုံး ကတော့ ကင်းမြီးကောက်အဆိပ်နဲ့ ထိုင်းမြွေဟောက်အဆိပ်တို့ပဲ ဖြစ်ပါတယ်။ တန်ကြေးတွေအရ ကင်းမြီးကောက်ရဲ့ အဆိပ်၁ဂါလံဟာ အမေရိကန်ဒေါ်လာ ၃၈သန်းကျော်အထိ တန်ကြေးရှိပြီး

Photo Credit : Pngtree
Photo Credit : Pngtree

ထိုင်းမြွေဟောက်ရဲ့ အဆိပ် ၁ဂါလံကတော့ အမေရိကန်ဒေါ်လာ ၁သိန်းခွဲအထိ တန်ဖိုးရှိပါတယ်။ ထိုဈေးကွက်မှာတော့ ဝယ်ယူသူတွေနဲ့ ရောင်းချသူတွေအကြား အရောင်းအဝယ် ဖြစ်နေကြပြီး ဆေးဖော်စပ်ရာမှာနဲ့ အရက်ဖော်စပ်ရာမှာ အသုံးပြုဖို့အတွက် လာရောက်ဝယ်ယူသူတွေက ပိုပြီး များပြားလို့နေပါတယ်။ ဒီလို တန်ကြေးများလာတာကြောင့် အဆိပ်ထုတ်ယူတဲ့ အလုပ်ကို လုပ်ကိုင်သူတွေများပြားလာတယ်လို့လည်း သိရပါတယ်။ ပရိသတ်ကြီးလည်း ဒီလို တိရစ္ဆာန် အဆိပ်နဲ့ ပတ်သက်ပြီး မိမိသိတဲ့ ဗဟုသုတလေးတွေရှိရင် အောက်က Comment မှာ ပြန်လည်ဝေမျှပေးခဲ့လို့ရပါတယ်နော်။

Photo Credit : Pngtree
Photo Credit : Pngtree

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။