မိဘကျေးဇူးဘယ်လို ဆပ်ကြမလည်း

မိဘတို့၏ ကျေးဇူးကို အလွယ်တကူ ဆပ်၍မပြေနိုင်ပေ မှန်ပေသည် ဆပ်ဖို့လည်း အလွန်ခဲယဉ်းလှတယ်။ အဘယ်မျှလောက်ခဲယဉ်းသလဲဆိုတော့ အနှစ်တစ်ရာ ကာလပတ်လုံး မိခင်ကို လက်ယာပုခုံးပေါ်၌တင်၍ ဖခင်ကို လက်ဝဲ ပုခုံးအပေါ်၌တင်ကာ ထိုပုခုံးအထက်မှာပဲ မိဘတို့ကို နံ့သာဖြင့်ပွတ်တိုက်လိမ်းကျံပေးခြင်း လက်ခြေတို့ကို ဆုပ်နယ်ပေးခြင်း ရေအေး ရေနွေး ချိုးပေးခြင်း ထိုပုခုံးအထက်မှာပဲ ကျင်ကြီး ကျင်ငယ်စွန့်စေခြင်း စကြာမင်း၏စည်းစိမ်တို့ကိုပေးခြင်း အစရှိသောအမှုကိစ္စအဝဝတို့ကို ပြု၍ဆပ်သော်လည်း မပြေနိုင်ပေ။ ဤမျှလောက်တောင် ခဲယဉ်းလှပေသည်။ အကြောင်းကား.... မိဘတို့သည် ်များသောကျေးဇူးရှိသောကြောင့်၎င်း။ သားသမီးတို့ကို အသက်ရှည်ခြင်းသို့ ရောက်စေတတ်သောကြောင့်၎င်း။ နို့ချိုတိုက်ကျွေး မွေးမြူတတ်သော ကြောင့်၎င်း။ ဤလောကမှ အာရုံ ကောင်း ဆိုး အမျိုးမျိုးတို့ကို ပြတတ်သောကြောင့် ၎င်း ဖြစ်ကြသည်။။ "မိဘကျေးဇူး ကျေအောင်ဆပ်ကြမည်" ခဲယဉ်းသော်လည်း လောကသုံးပါး၏ အရှင်ဖြစ်တဲ့ တရားမင်း မြတ်စွာဗုဒ္ဓက အဂုင်္တ္တိုရ်ပါဠိတော် မှာပဲ ဤသို့ နည်းလမ်းပေးတော်မူခဲ့လေ၏

၁။ သဒ္ဓါ တရားမရှိသောမိဘတို့ကို သဒ္ဓါ တရားရှိလာစေရန်ကောင်းစွာ နာယူ သက်ဝင်တည်နေစေရမည်။

၂။ သီလမရှိသောမိဘတို့ကို သီလရှိလာစေရန် ကောင်းစွာ နာယူသက်ဝင်တည်နေစေရမည်။

၃။ စွန့်ကြဲပေးကမ်းမှုမရှိသောမိဘတို့ကို စွန့်ကြဲပေးကမ်းမှုရှိလာစေရန် ကောင်းစွာ နာယူသက်ဝင် တည်နေစေရမည်။

၄။ ပညာမရှိသောမိဘတို့ကို ပညာရှိ လာစေရန် ကောင်းစွာ နာယူသက်ဝင်တည်နေစေရမည်။ ဤသို့ပြုမှသာလျှင်ကျေးဇူးဆပ်ရာ ရောက်ပါသည်။ ဆောင်ပုဒ်..... သဒ္ဓါ သီလ စာဂ ပညာ ဤလေးဖြာ ဆပ်ပါ ကျေးဇူးများ။ (မိဘကျေးဇူးအထူးသိတတ်ဆပ်တတ်တဲ့ သားသမီးများဖြစ်နိုင်ကြပါစေ..

Credit..DhammasãraMandalay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။