ပရိသတ်ကြီးကို ဒီတစ်ပါတ်မှာတော့ ကလေးငယ်တွေနဲ့ပတ်သက်ပြီး အကျိုးရှိမယ့် အကြောင်းအရာလေးကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။ ၂၁ရာစုခေတ်ကြီးထဲမှာ နည်းပညာတွေက တဟုန်ထိုး တိုးတက်လာသလို ဆိုးကျိုးတွေကလည်း အနာဂတ်ကလေးငယ်တွေအပေါ်သက်ရောက်လာတာမျိုးတွေရှိပါတယ်....။ အခုခေတ်မှာ ဖုန်းတွေ၊ အင်တာနက်တွေကို ခေတ်လူငယ်တွေ၊ သက်ကြီးပိုင်းတွေကအစ သုံးနေကြတယ်ဆိုပေမယ့် ၅ နှစ်၊ ၆ နှစ် ကလေးငယ်တွေနဲ့တော့ ကင်းကင်းရှင်းရှင်းထားဖို့ အထူးပင်လိုအပ်ပါတယ်....။

photo credit pngtree

အခုခေတ် ကလေးငယ်တွေကို ငြိမ်အောင်ထိန်းတဲ့အခါမှာ တီဗီပြတာတို့၊ ဖုန်း၊ tablet တို့ကို ဆော့ကစားခိုင်းစေပြီး ငြိမ်ဆေးကျွေးပါတယ်...။ တီဗီ၊ ရုပ်ရှင် ပြတာတို့က အနီးကပ် မကြည့်ခိုင်းဘဲ၊ အဝေးကနေကြည့်ခိုင်းမယ်ဆိုရင်တော့ ပြဿနာသိပ်မရှိပါဖူးနော်...။ ဒါပေမယ့် တီဗီရှေ့မှာကြီးဘဲ အချိန်ကြာမြင့်စွာ လွှတ်ထားတာမျိုးတော့ မပြုလုပ်သင့်ပါဖူးနော်...။ ဖုန်းတို့၊ tablet တို့ကနေ baby cartoon ပြတာဖြစ်ဖြစ်၊ ဂိမ်းဆော့ခိုင်းတာမျိုးပဲ ဖြစ်ဖြစ် အလိုလိုက်ပြီး ပေးလုပ်တဲ့အခါမှာ အနီးကပ် အာရုံစိုက်ပြီး ပြုလုပ်ရတာမလို့ ကလေးငယ်တွေရဲ့ မျက်စိနှင့် ဦးနှောက်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်....။

photo credit pngtree

ကလေးငယ်တွေက တစ်ခါပြုလုပ်ပြီးရင်၊ ဦးနှောက်မှာ လုံးဝမှတ်သားထားတာမလို့ ဖုန်းတွေ၊ tablet တွေကို နောက်ထပ် ပြုလုပ်ဖို့ မိဘတွေထံ အတင်း ပူဆာကြတာမျိုးတွေရှိပါတယ်...။ မိဘတွေကလည်း ကိုယ့်ကလေးစိတ်ချမ်းသာအောင်၊ ငြိမ်အောင်ဆိုပြီး အသာတကြည် လိုက်လျောပေးလိုက်ပါတယ်..။ ဒါပေမယ့် ကြာလာတဲ့အခါမှာ ထိုအရာတွေကို မပြုလုပ်ရရင် ထမင်းမစားဘဲနေတာတို့၊ မအိပ်ဘဲနေတာတို့ ဖြစ်လာတတ်ပြီး ကလေးငယ်တွေရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်သလို၊ မိဘနှစ်ပါးမှာလည်း စိတ်ချမ်းမြေ့မှာမဟုတ်ပါဖူး...။ ဒါကြောင့်မလို့ ဖုန်း၊ tablet...စတဲ့ ပစ္စည်းတွေအပြင် အခြားနည်းပညာမြင့်သော လျှပ်စစ်ပစ္စည်းများကို ကလေးငယ်တွေနဲ့ ကင်းကင်းရှင်းရှင်းထားပြီး ဘေးကင်းတဲ့နေရာမှာ ဘောလုံး ဆော့ကစားခိုင်းတာတို့၊ ကလေးကစားစရာပစ္စည်းတွေ ဝယ်ပေးတာတို့၊ ဒါမှမဟုတ် အားကစားကွင်း လိုက်ပို့ပေးတာတို့ပြုလုပ်ပြီး မိမိရဲ့ ရင်သွေးငယ်တွေကို ဉာဏ်ရည်ဖွံ့ဖြိုး၊ ကျန်းမာကြံ့ခိုင်တဲ့ ကလေးတွေဖြစ်အောင် အန္တရာယ်ကင်းဘေးရှင်းတဲ့ နည်းလမ်းတွေဖြင့် ပြုစုပျိုးထောင်ပေးကြဖို့ အကြံဉာဏ်ပေး တက်ဆက်လိုက်ပါတယ်...။

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။