ယဉ်စစလေးနဲ့ ပြီးပြည့်စုံတဲ့အလှတရားလေးကို ပိုင်ဆိုင်ထားတဲ့ အေးဝတ်ရည်သောင်းကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက် ပြန်လည်လုပ်ဆောင်လာပြီး ပရိသတ်တွေရဲ့ရင်ထဲကိုတဖန်ဝင်ရောက်လာခဲ့ပါတယ်နော်။ပရိသတ်တွေကလည်း အပျိုကြီးမတ်မတ် အေးသောင်းကို တစ်ခဲနက်ချစ်ခင်အားပေးကြပြီး နှစ်တွေကြာပေမယ့် မပြောင်းလဲတဲ့အလှတရားတွေကို ချီးကျူးနေကြတာဖြစ်ပါတယ်။

Photo Credi:Li John Lil
Photo Credi:Li John Lil
Photo Credit:Aye Thaung's Facebook/Lin Linn's Facebook

Myanmar Idolကနေ Winnerဆုရှင်တစ်ယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင်ကတော့ အသံပါဝါကောင်းကောင်းနဲ့ တေးသီချင်းတွေကိုသီဆိုတာကြောင့် ပရိသတ်တွေရဲ့နားထဲကိုစွဲနေစေတဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။အခုနောက်ပိုင်းမှာ ဖြိုးမြတ်အောင်လည်း အနုပညာခြေလှမ်းအသစ်တွေစနေပြီး ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးမယ့်"မြမြ"ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း မင်းသားအဖြစ်ပါဝင်ထားပါတယ်။

Photo Credit:Phyo Myat Aung's Facebook
Photo Credit:Phyo Myat Aung's Facebook
Photo Credit:Lin Linn's Facebook

အခုဆိုရင်လည်း ဖြိုးမြတ်အောင်က မအေးသောင်းနဲ့အတူတူ အနုပညာအလုပ်တွေတွဲပြီးလုပ်ကိုင်နေကာ နှစ်ယောက်သားအရမ်းခင်မင်ကြပါတယ်နော်။ဖြိုးမြတ်အောင်က မအေးသောင်းရဲ့ လက်လေးကိုကိုင်ပြီး အနမ်းလေးခြွေနေတာကြောင့် မအေးသောင်းကတော့"တောက်ပလွန်းတဲ့နေ့များကို ဖန်တီးနိုင်ခဲ့တာ"ဆိုပြီး နှစ်ယောက်အတွဲပုံလေးတွေကို ပရိသတ်ပြီးအတွက် မျှဝေလာခဲ့ပါတယ်နော်။

Photo Credit:Aye Thaung's Facebook/Lin Linn's Facebook
Photo Credit:Aye Thaung's Facebook/Lin Linn's Facebook
Photo Credit:Aye Thaung's Facebook/Lin Linn's Facebook

Photo Credit:Aye Thaung's Facebook/Lin Linn's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။