ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမြင့်မြတ်ဟာဆိုရင် ငယ်ငယ်ကတည်းကချစ်ခဲ့ရတဲ့ချစ်သူနဲ့ နှစ်ကိုယ်တူဘဝတည်ဆောက်လိုက်ပြီး ပျော်ရွှင်နွေးထွေးတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။မြင့်မြတ်က အခုချိန်ထိလည်း အနုပညာအလုပ်တွေကိုဇောက်ချလုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ တစ်ကားပြီးတစ်ကားရိုက်ကူးနေတာပါနော်။

Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook

ပရိသတ်တွေကလည်း မြင့်မြတ်ရဲ့ အနုပညာလှုပ်ရှားမှုမှန်သမျှကို အားပေးကြပြီး သူ့ရဲ့မိသားစုလေးကိုလည်း ချစ်ကြပါတယ်။မြင့်မြတ်ရဲ့ တစ်ဦးတည်းသောသားလေးဖြစ်တဲ့ မြတ်သူလေးကလည်း မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချစ်မွှေးပါတာကြောင့် လူချစ်လူခင်ပေါတဲ့ကလေးလေးပါ။ပရိသတ်တွေကတော့ မြတ်သူလေးကို ဂျူနီယာမြင့်မြတ်လေး ဂျင်းကောင်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြပါတယ်နော်။

Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook

မြင့်မြတ်ကတော့ အနုပညာအလုပ်ကိုလည်း မပျက်ကွက်သလို မိသားစုအတွက်လည်း အချိန်အပြည့်ပေးတဲ့သူပါနော်။သားလေးနဲ့လည်း အတူတူဆော့ကစားပေးပြီး အမြဲတမ်းလိုလို သူ့ရဲ့ရှုတင်ကိုခေါ်သွားနေကျဖြစ်ပါတယ်။အခုဆိုရင်လည်း မြင့်မြတ်တို့မိသားစုက အပြင်မှာ ညစာထွက်စားကြပြီး ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့မြင့်မြတ်တို့မိသားစုပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook

Photo Credit:Myat Wai Tun's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။