ပရိသတ်ကြီးရေ မင်းသားချောတစ်ယောက်ဖြစ်တဲ့ စည်သူမောင်ကတော့ အနုပညာနယ်ပယ်ထဲမှာ ဟိုးအရင်ကတည်းကအနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်ခဲ့ပြီးပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိခဲ့ပါတယ်။စည်သူမောင်က ချောမောခန့်ညားပြီးယောက်ျားပီသတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားကာ ပျိုပျိုမေလေးတွေရင်ခုန်ရလောက်တဲ့ အရပ်အမောင်းနဲ့ တောင့်တင်းခိုင်မာတဲ့ဗလတွေကို ပိုင်ဆိုင်ထားပါတယ်နော်။

Photo Credit:Si Thu Maung's Facebook
Photo Credit:Si Thu Maung's Facebook
Photo Credit:Si Thu Maung's Facebook

စည်သူမောင်က အနုပညာအလုပ်တွေကိုကြိုးစားလုပ်ဆောင်ကာ မိဘတွေအတွက်အစစအရာရာလိုလေသေးမရှိအောင်ပြုစုပေးပြီး ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။မိဘအပေါ်သိတတ်တဲ့သားလိမ္မာလေးတစ်ယောက်ဖြစ်တာကြောင့် လုပ်သမျှအလုပ်တွေအကုန်လုံးလည်းအဆင်ပြေပြီး ယနေ့အချိန်ထိ အနုပညာလောကမှာနေရာတစ်နေရာကနေ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။

Photo Credit:Si Thu Maung's Facebook
Photo Credit:Si Thu Maung's Facebook
Photo Credit:Si Thu Maung's Facebook

စည်သူမောင်ရဲ့မိခင်ဖြစ်သူက ကင်ဆာရောဂါဝေဒနာကိုခံစားနေရပြီး တစ်လတစ်ကြိမ်ဆေးသွင်းမှုတွေပြုလုပ်နေရတာဖြစ်ပါတယ်။စည်သူမောင်ကတော့ မေမေဆေးသွင်းတိုင်း ဘေးနားကနေအမြဲနေပေးပြီး ဂရုစိုက်ဖေးမကာ စိတ်ချမ်းသာစွာထားပေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း ၁၄ ကြိမ်မြောက်ဆေးသွင်းတဲ့ မေမေ့ကို "အားတင်းထားပါအမေ"ဆိုပြီး အားပေးစကားလေးဆိုထားပါတယ်နော်။

Photo Credit:Si Thu Maung's Facebook
Photo Credit:Si Thu Maung's Facebook
Photo Credit:Si Thu Maung's Facebook

Photo Credit:Si Thu Maung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။