မင်းသမီးချောလေးအဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်လာရပြီဖြစ်တဲ့ ရွှေအိမ်စည်ကတော့ အလှမယ်တစ်ဦးအဖြစ် စတင်ပြီးအောင်မြင်ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။ ပါးချိုင့်လေးနှစ်ဖက်နဲ့ နှစ်လိုဖွယ်အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ ရွှေအိမ်စည်က သွယ်လျလှပတဲ့ ခန္ဓာကိုယ်အလှပိုင်ရှင်လေးလည်း ဖြစ်ပါတယ်။

Photo Credit- RBV
Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's FB

ရွှေအိမ်စည်က ယောက်ျားလေးပရိသတ်တွေရဲ့ အထူးတလည်အားပေးဝန်းရံခြင်းခံရသူဖြစ်သလို သူမရဲ့အလှတရားတွေကလည်း ပုရိသတွေရဲ့စိတ်ဘဝင်ကို ညို့ယူနိုင်စွမ်းရှိပါတယ်။ အခုလည်း ရွှေအိမ်စည်က ရင်ခုန်ချင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုအပြည့်နဲ့ လှနေတဲ့ အမိုက်စားဗီဒီယိုအသစ်လေးတစ်ခုကို တင်ထားပါတယ်။

Photo Credit- Shwe Eain Si's IG
Photo Credit- Shwe Eain Si's FB
Photo Credit- Shwe Eain Si's IG

ရွှေအိမ်စည်က အလန်းစားဖက်ရှင်လေးနဲ့ စွဲမက်ဖွယ်အလှတရားတွေ ပေါ်လွင်လှပနေပြီး စူးရှတောက်ပတဲ့အကြည့်တွေနဲ့ ဖမ်းစားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေအိမ်စည်က Cover Shooting လေးတစ်ခုရိုက်ကူးနေတာဖြစ်ပြီး တစ်နေ့တစ်ခြား အလှတွေပိုလာတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော ရွှေအိမ်စည်ရဲ့အမိုက်စားဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Shwe Eain Si's FB & IG 

Photo Credit- Shwe Eain Si's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။