ရွှေကစ်ကတော့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။ ၂၀၁၉ ခုနှစ်ဟာလည်း ရွှေကစ်ရဲ့အကယ်ဒမီနှစ်လို့ပြောရလောက်အောင် ရုပ်ရှင်ဇာတ်ကားကြီးများတွင် ကာရိုက်တာတိုင်းကို ထိမိပြောင်မြောက်အောင် သရုပ်ဆောင်ထားတာပါ။ သူမဟာ အောင်မြင်မှုတွေများစွာနဲ့အတူ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ်ရပ်တည်နေတာပါ။  

Photo Credit - Wutt Hmone Shwe Yi's Facebook Account
Photo Credit - Wutt Hmone Shwe Yi's Facebook Account

မကြာသေးခင်ကလည်း တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားအတွက် ကိုရီးယားနိုင်ငံကို သွားရောက်ထားတာပါ။ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားများနဲ့ ပွဲအခမ်းအနားများတက်ရောက်နေတာပါ။ မနေ့ညက တက်ရောက်ခဲ့တဲ့ ပွဲအခမ်းတစ်ခုကိုတက်ရောက်ခဲ့တဲ့ ဗီဒီယိုကိုလည်း တင်ထားတာပါ။  

Photo Credit - Wutt Hmone Shwe Yi's instagram stories
Photo Credit - Wutt Hmone Shwe Yi's instagram stories

ရွှေကစ်လေးက မနေ့ညက Icon KTV ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တာပါ။ ဒီပွဲလေးကို သရုပ်ဆောင် ပိုင်တံခွန်နဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပြီး ဗီဒီယိုလေးကို ရွှေကစ်ရဲ့ Instagram stories မှာ တင်ထားတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Wutt Hmone Shwe Yi's Instagram Stories

Photo Credit - Wutt Hmone Shwe Yi's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။