မေလ(၄)ရက်နေ့ညနေပိုင်းက ရန်ကုန် Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Oppo F3 Lunch Event မိတ်ဆက်ပွဲအခမ်းအနားမှာ ပရိသတ်အချစ်တော်အနုပညာရှင်အချို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲမှာ နီနီခင်ဇော် ၊ မိုးစက်ဝိုင် ၊ ခင်ဝင့်ဝါ ၊ အွန်ဆိုင်း ၊သန္တာလှိုင် ၊ ရွှေထူး စတဲ့ အနုပညာရှင်တွေ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

Oppo ရဲ့ Brand Ambassador တစ်ဦးဖြစ်တဲ့ အဆိုတော် ရွှေထူး နဲ့ နီနီခင်ဇော် တို့ကတော့ ပွဲမှာ လာရောက်တဲ့ ပရိသတ်တွေကို အကအလှများနဲ့ သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

သူတို့အားလုံးဟာ Oppo ကိုယ်စားပြုအရောင် အဖြုနဲ့ အစိမ်းရောင် ဖက်ရှင်တစ်မျိုးစီနဲ့ လန်းနေကြတော့တာပါပဲ။  

သတင်းအရင်းမြစ် Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။