လီဆူးတိုင်းရင်းသူမလေးတစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေးခင်လေးနွယ်ကတော့ တိုင်းရင်းသူလေးပီပီ ရိုးသားပွင့်လင်းပြီး သဘောမနောကောင်းသူတစ်ယောက်ဖြစ်ပါတယ်နော်။အခုချိန်မှာဆိုရင်တော့ ခင်လေးနွယ်က အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး သူငယ်ချင်းတွေနဲ့အတူ နိုင်ငံအစုံကို ပျော်ပျော်ပါးပါးခရီးထွက်ကာ အေးချမ်းစွာနေထိုင်နေတဲ့ အပျိုကြီးမမတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Khin Lay Nwe's IG
Photo Credit:Khin Lay Nwe's IG
Photo Credit:Khin Lay Nwe's IG

ခင်လေးနွယ်က သက်မွန်မြင့် ယုသန္တာတင် မပုံ့ စတဲ့သူငယ်ချင်းတွေနဲ့ အရမ်းခင်မင်ရင်းနှီးပြီး စိတ်တူကိုယ်တူပေါင်းသင်းကြတဲ့ BFFသူငယ်ချင်းတွေပါနော်။အပျိုကြီးမမအရွယ်ဖြစ်တဲ့ ခင်လေးနွယ်က အမြဲတမ်းနုပျိုလန်းဆန်းနေပြီး ဆယ်ကျော်သက်လေးလို လှပနေတာဖြစ်ပါတယ်။အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတဲ့ ခင်လေးနွယ်ကို ပရိသတ်တွေကတော့အားပေးချစ်ခင်နေကြဆဲပါနော်။

Photo Credit:Khin Lay Nwe's IG
Photo Credit:Khin Lay Nwe's IG
Photo Credit:Khin Lay Nwe's IG

ခင်လေးနွယ်ကတော့ မကြာတော့မယ့်အချိန်မှာ ချစ်ရသူနဲ့အတူတူ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်တော့မှာဖြစ်လို့ သူငယ်ချင်းတွေကလည်း ထပ်တူဝမ်းသာပေးကြပါတယ်နော်။အခုဆိုရင်တော့ Lavender ပန်းခင်းကြီးထဲမှာ သတို့သမီးဝတ်စုံအဖြူရောင်လေးနဲ့ အလှကြီးလှနေပြီး ပန်းခင်းကြီးနဲ့အပြိုင် လှသွေးကြွယ်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Khin Lay Nwe's IG
Photo Credit:Khin Lay Nwe's IG
Photo Credit:Khin Lay Nwe's IG

Photo Credit:Khin Lay Nwe's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။