အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ယုန်လေးကတော့ ဒါရိုက်တာအဖြစ်လည်း ဇာတ်တွေရိုက်ကူးပြီး အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူတစ်ဦး ဖြစ်ပါတယ်။ တစ်ချိန်က Hip Hop သီချင်းတွေနဲ့ အောင်မြင်မှုရရှိခဲ့တဲ့ ယုန်လေးက အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

Photo Credit- Yone Lay's FB
Photo Credit- Yone Lay's FB

စိတ်သဘောထားကောင်းပြီး အများကိုကူညီလေ့ရှိတဲ့ ယုန်လေးက အခုလည်း တက်သစ်စအဆိုတော်လေးနှစ်ယောက်ကို ကူညီပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ယုန်လေးက လတ်တလောလူမှုကွန်ယက်စာမျက်နှာထက်မှာ ရေပန်းစားနေတဲ့ "မိုးရာသီအလွမ်း" သီချင်းကိုသီဆိုသူ Rap ကျားကြီးနဲ့ MC ကယားလေးတို့ကို အစအဆုံးအကုန်ကျခံပြီး သီချင်းထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ အခုဆိုရင် ယုန်လေးရဲ့ကမ်းလှမ်းချက်အရ Rap ကျားကြီးနဲ့ MC ကယားလေးတို့က ရန်ကုန်ကိုလာဖို့ပြင်ဆင်နေကြပြီလို့ သိရပါတယ်။ 

Photo Credit- Yone Lay's FB
Photo Credit- Yone Lay's FB

အခုလည်း ယုန်လေးက " ကဲ Rapကျားကြီးက ဆံပင်တောင်ညှပ်လိုက်ပြီ .ရန်ကုန်ကို နှစ်ယောက်လုံး တစ်ခါမှ မရောက်ဖူးဘူးတဲ့ဒီ တိုင်းရင်းသား ညီလေး နှစ်ယောက်ကို ကြိုဆိုပါတယ်။ Welcome To YGN City လာဖို့ အတွက်တိုင်ပင်နေပါပြီ " ဆိုပြီး သူတို့နှစ်ယောက် Video Call ပြောနေတဲ့ ပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေရော ယုန်လေးနဲ့ တက်သစ်စအဆိုတော်လေးနှစ်ယောက် ဘယ်လိုဖန်တီးမှုတွေလုပ်ကြဦးမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်။

Photo Credit- Yone Lay's FB 

Photo Credit- Yone Lay's FB
Photo Credit- Yone Lay's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။