သရုပ်ဆောင်ချစ်သုဝေကတော့ပရိသတ်အချစ်တော်အနပညာရှင်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ချက်အမျိုးမျိုးကို ပိုင်နိုင်ကျွမ်းကျင်စွာသရုပ်ဆောင်နိုင်တဲ့စွယ်စုံရ အနပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာမိသားစုဘဝလေးတွေထဲမှာ ပရိသတ်အားကျနေရပြီး ပျော်ရွှင်စရာဘဝလေးကို တည်ဆောက်ထားတဲ့ လင်းလင်းနှင့် ချစ်သုဝေတို့မိသားစုဘဝလေးကိုတော့ အားလုံးလေးစားအားကျမိမယ်ထင်ပါတယ်။

Photo Credit:Htwe Lynn Ko Facebook
Photo Credit:Htwe Lynn Ko Facebook

ချစ်စရာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကို မွေးဖွားထားပြီး ပရိသတ်တွေကြားရေပန်းစားမိသားစုတစ်စုလေးပဲဖြစ်ပါတယ်။ခေတ်လေးတို့မိသားစုလေးဟာ မကြာခင်ရက်ပိုင်းက ခရီးတွေဆက်တိုက်ထွက်ကာ အမှတ်တရပုံလေးတွေကိုလည်းဖော်ပြခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာတော့ဖေဖေနဲ့အတူဆော့ကစားကာ ငယ်ငယ်ကကွမ်းသီးလေးလုံးဆိုတဲ့ ကဗျာလေးကိုဆိုပြနေတဲ့ ချစ်စရာဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။အရွယ်ရောက်နေပြီဖြစ်တဲ့ ခေတ်လေးတို့ရဲ့ပုံရိပ်လေးတွေကအရမ်းချစ်ဖို့ကောင်းလာတာလည်းဖြစ်ပါတယ်။

Photo Credit:Htwe Lynn Ko Facebook
Photo Credit:Htwe Lynn Ko Facebook

ဗီဒီယိုလေးထဲမှာ ခေတ်လေးသစ်လေးတို့ရဲ့ ချစ်စရာဟန်ပန်လေးတွေကလည်း ပရိသတ်တွေ ချစ်ခင်နှစ်သက်ကြမှာအမှန်ပဲဖြစ်ပါတယ်။ဖေဖေနဲ့မေမေတို့နှစ်ဦးကလည်း ကလေးတွေအပေါ်မှာ မေတ္တာအပြည့်နဲ့ စောင့်ရှောက်မှုတွေ အကောင်းဆုံး လုပ်ပေးသလို ခေတ်လေးတို့ကလည်း ဉာဏ်ကောင်းပြီး ထက်မြက်လွန်းသူလေးတွေ ဖြစ်ပါတယ်။ကဲ......ချစ်ပရိသတ်တွေတွက် ခေတ်လေးသစ်လေးရဲ့ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Photo Credit:Htwe Lynn Ko Facebook
Photo Credit:Htwe Lynn Ko Facebook

Source:Htwe Lynn Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။