ပရိသတ်ကြီးရေ မင်းသမီးချောလေး အိချောပိုကတော့ အနုပညာပျိုးခင်းကနေစပြီး အနုပညာလောကထဲကို တစိုက်မက်မက်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ အိချောပိုက အနုပညာကိုအရမ်းခုံမင်တာကြောင့် သရုပ်ဆောင်အိုင်တင်အရမ်းကောင်းပြီး ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်လို့ ပရိသတ်တွေတစ်ခဲနက်အားပေးချစ်ခင်ကြပါတယ်။

Source:Ei Chaw Po's Facebook/Photo Credit: Li John Ljl

အိချောပိုရဲ့အလှအပတွေကလည်း မြင်သူတကာငေးရလောက်အောင်စွဲမက်စရာကောင်းပြီး မြန်မာဆန်တဲ့အသားအရည်နဲ့ ဖွံ့ဖွံ့ထွားထွားကောက်ကြောင်းအလှကလည်း ပုရိသတွေကြားမှာအရမ်းရေပန်းစားပါတယ်နော်။စိတ်ထားလေးကလည်းနူးညံ့သိမ်မွေ့ပြီး အေးချမ်းတဲ့သူတစ်ယောက်ဖြစ်လို့ သူမကလူချစ်လူခင်လည်းပေါများပါတယ်။လက်တလောမှာလည်း အိချောပိုက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပါတယ်နော်။

Source:Ei Chaw Po's Facebook/Photo Credit: Li John Ljl
Source:Ei Chaw Po's Facebook/Photo Credit: Li John Ljl
Source:Ei Chaw Po's Facebook/Photo Credit: Li John Ljl
Source:Ei Chaw Po's Facebook/Photo Credit: Li John Ljl

အခုဆိုရင်တော့ အိချောပိုက" PLAYERS " ရုပ်ရှင်ကားကန်တော့ပွဲနှင့်စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို မနေ့ကတက်ရောက်တာဖြစ်ပါတယ်။ပန်းနုရောင်ဝတ်စုံလေးနဲ့ မိန်းကလေးဆန်ဆန်လှပနေပြီး မြန်မာဝတ်စုံလေးကလည်း တင်းရင်းတဲ့ကောက်ကြောင်းအလှတွေကို အတိုင်းသားပေါ်လွင်စေတာကြောင့် ရင်သပ်ရှုမောရတဲ့ အိချောပိုရဲ့အလှအပပုံရိပ်တွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Ei Chaw Po's Facebook/Photo Credit: Li John Ljl
Source:Ei Chaw Po's Facebook/Photo Credit: Li John Ljl
Source:Ei Chaw Po's Facebook/Photo Credit: Li John Ljl
Source:Ei Chaw Po's Facebook/Photo Credit: Li John Ljl

Source:Ei Chaw Po's Facebook/Photo Credit: Li John Ljl

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။