ကဲ... ပရိသတ်တို့ရေ... ဘုရားရှင်ဟောကြားတဲ့ တရားတော်တွေထဲက လူတွေမမြင်အပ်တဲ့ ဘုံတွေထဲမှာ ပရလောကဘုံဘဝသားတွလည်း ပါဝင်လို့နေပါတယ်နော်။ ဒါကိုမျက်စိနဲ့မတွေ့လို့မယုံတဲ့ သူတွေလည်းရှိသလို ဒါတွေနဲ့ ပတ်သတ်ရင် အရမ်းကိုပဲ အရမ်းလွယ်တတ်သူတွေလည်းရှိကြပါတယ်။ ဒါပေမယ့် အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကားကိုတော့မမေ့စေချင်ပါဘူးနော်။ ပြီးတော့ အခုပြောပြမယ့် အကြောင်းအရာလေးကလည်း သရဲတစ္ဆေဆိုတာကို အမှန်တကယ် ရှိတယ်လို့ သက်သေကောင်းကောင်းပြနိုင်ခဲ့တဲ့ ကိစ္စတစ်ခုဖြစ်လို့နေပါတယ်နော်။

Photo Source: Pngtree

ဟောင်ကောင်မှာရှိတဲ့ Nam Koo Terrace ဆိုသောအိမ်ကို 1921 ခုနှစ်မှာ ကုန်သည်မိသားစု က တည်ဆောက်ခဲ့ပြီးတော့ ဒုတိယ ကမ္ဘာ စစ်မှာ ဂျပန်တွေ ကသိမ်းယူခဲ့ပါတယ်။ အိမ်ကြီးကို ဂျပန်စစ်သားတွေအတွက် ပြည့်တန်ဆာတွေခေါ်ထားခဲ့သလို အကျဉ်းသားတွေကို လည်း ရံဖါရံခါ ထားတက်ပါတယ်။ အလုပ်မတော်တဲ့ ပြည့်တန်ဆာတွေကိုတော့ ကွပ်မြတ်ခဲ့ရုံမကဘဲ သေဆုံးအကျဉ်းသားတွေကိုလည်း ခြံအတွင်းမှာမြုတ်နှံထားခဲ့ပါသေးတယ်နော်။

Photo Source: သံ ဇဉ် မိုးဇတ်

ဒီဘက်ခေတ် ရောက်တော့ လူမနေတော့တဲ့ ဒီအိမ်ကြီးဟာသရဲခြောက်တယ်ဆိုပြီး အလွန် နာမ်မည်ကြီးခဲ့ပါတယ်။ ဒီကိစ္စကို မယုံတဲ့ ဆယ်ကျော်သက် ကျောင်းသူလေး ၃ ယောက်ဟာ အိမ်ကြီး ထဲမှာ တစ်ညတာ စမ်းသပ် အိပ်စက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ညသန်းခေါင် အချိန် မှာဘဲ ကျောင်းသူတစ်ယောက်က သွေးပျက်ပြီး ကြောက်လန့် တကြားထွက်ပြေးခဲ့ ရသလို နောက်တစ်ယောက် က သေလုမြောပါးနဲ့ ကြောက်လန့်ပြီး ထွက်တောင် မပြေးနိုင်ဘဲ လဲကျ နေခဲ့ကာ နောက်ဆုံး တစ်ယောက်က သတိလစ်မေ့မြော သွားခဲ့ပါတယ်။ ရဲတွေရောက်လာကာသူတို့သုံးယောက်စလုံး သတိပြန်ရအောင် အတော့်ကို ကြိုးစားကုသပြီးနောက် ဖြစ်ကြောင်းကုန်စင် မေးမြန်းကြတဲ့အခါမှာတော့ ထိုအိမ်ကြီးထဲမှာ အပြာရောင် မီးလုံးကြီးတွေနဲ့ ကိုယ်တပိုင်းပြတ် မိန်းမများကို တွေ့ရှိခဲ့ရကြောင်း တညီတစ်ညွတ်တည်းပြောပြခဲ့ကြပါတယ်။ ဒီသတင်းဟာ နိုင်ငံပိုင် သတင်းစာ ထဲထိရောက်ရှိခဲ့ရပါတယ်နော်။ ကဲ... ဒီတော့ ချစ်ရတဲ့ပရိသတ်တို့လည်း အတတ်စမ်းတိုင်းလည်းမကောင်းပါဘူးဆိုတာကို မမေ့ကြပါနဲ့နော်.... 

Photo Source: သံ ဇဉ် မိုးဇတ်

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။