ပရိသတ်တွေအတွက် မင်းသား ဇာဏ်ခီ နဲ့ မင်းသမီး ပိုင်ဖြိုးသု တို့ သရုပ်ဆောင်ထားတဲ့ “Now and Ever - ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကားကြီးကို ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ ဒါရိုက်တာ ခရစ်စတီးနားခီ ဖြစ်ပြီး Drama ကြိုက်တဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်လာစေမှာ အသေအချာပါပဲ။

“ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးဆိုတာကတော့ စိတ်ဝေဒနာခံစားနေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ စိတ်ရောဂါပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ အစပိုင်းကတော့ သီဟ ဆိုတဲ့ကောင်လေးနဲ့ ဝတ်မှုန် ဆိုတဲ့ကောင်မလေးတို့ အမှတ်မထင်တွေ့ဆုံခဲ့ပြီး ချစ်သူတွေဖြစ်ခဲ့ကြပုံကို ပျော်ရွှင်စရာလေးတွေ ရိုမန့်ဆန်ဆန် ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

ချစ်သူတွေဖြစ်ပီးနောက်ပိုင်းမှာတော့ သာမန်မိန်းကလေးတွေလိုမဟုတ်ဘဲ တခုခုဆို စိတ်ခံစားလွယ် ထိလွယ်ရှလွယ်တဲ့ ဝတ်မှုန်လေးကို သီဟက အိမ်ထောင်ဖက် အဖြစ်ပေါင်းဖက်ဖို့ စဉ်းစား ခဲ့တဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလွန်းနေပါတယ်။

အကန့်အသတ်တွေများစွာနဲ့ ဖြတ်သန်းရမယ့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကရော အခက်အခဲတွေဘယ်လောက်ထိ ရှိနေမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဝတ်မှုန်လေးရဲ့ တချက်တချက် ပြောင်းလဲလာမယ့် စိတ်ဝေဒနာကို သီဟ က ကောင်းကောင်းမွန်မွန် ထိန်းချုပ်ပေးနိုင်မလားဆိုတာကလည်း ယခုထွက်လာတဲ့ Teaser လေးကြည့်ရတာနဲ့တင် အရမ်းကို စိတ်ဝင်စားစရာကောင်းနေပါတယ်။ ပရိသတ်တွေ ခံစားကြည့်ရှုနိုင်စေဖို့ အတွက်လည်း “Now and Ever ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Teaser ဗီဒီယိုဖိုင်လေးကို ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

Source - Now and Ever ထာဝရနှောင်ကြိုး Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။