လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံကတော့ အနုပညာရှင်များကသာမကပဲ ပရိသတ်များကပါ အားကျနေရတဲ့ စုံတွဲလေးပါ။ သူတို့နှစ်ယောက်ဟာ အနုပညာအလုပ်တွေကို အတူတကွလုပ်ကိုင်ရုံသာမကဘဲ သမီးနှစ်ယောက်လုံးကိုလည်း ပြုစုစောင့်ရှောက်နေကြတာပါ။ ခေတ်နဲ့သစ်လေးကလည်း အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိထားတာပါ။  

Photo Credit - Chit Thu Wai's Facebook
Photo Credit - Chit Thu Wai's Facebook
Photo Credit - Chit Thu Wai's Facebook

သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေကစောင့်ကြည့်နေရတာပါ။ ခေတ်နဲ့သစ်ဟာလည်း မေမေနဲ့အတူ ကြော်ငြာများလည်း ရိုက်ကူးနေရတာပါ။ သမီးလေးဟာလည်း တစ်ခါတစ်ရံ မေမေ့ကို အိမ်အလုပ်လေးတွေ ဝိုင်းကူလုပ်ပေးတတ်ပါသေးတယ်။

Photo Credit - La Min Kha's Facebook Myda
Photo Credit - La Min Kha's Facebook Myday

အခုမှာလည်း အဆိုတော် အငဲရဲ့ သမီးချောလေး လမင်းခနဲ့အတူ တိရိစ္ဆာန်အကောင်လေးတွေလို အင်္ဂလိုပြောပြနေတာလေးကို လမင်းခရဲ့ Facebook Myday လေးမှာ တင်ထားတာပါ။ ပရိသတ်တွေအတွက် ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - La Min Kha's Facebook Myday 

Photo Credit - Chit Thu Wai's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။