ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်နဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဝတ်မှုံရွှေရည်တို့ကတော့ ပြည်သူ့အသည်းကျော်လေးတွေပါပဲ..။

မင်းသားချောလေး ပိုင်တံခွန်ဟာ နှုတ်ခမ်းနီမလေးတွေအပြင် ထိုင်းမလေးတွေရဲ့ အချစ်တွေကို အများဆုံးနဲ့ အပြည့်အဝသိမ်းပိုက်ရရှိထားသလို ပုရိသပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ တခံနက်အားပေးချစ်ခင်ကြသူလေးကတော့ ရွှေကစ်လေးပဲ ဖြစ်ပါတယ်..။

Photo Credit - Photographer Htet Paing Ye’s Facebook
Photo Credit - Photographer Htet Paing Ye’s Facebook

အနုပညာရှင်တွေဖြစ်ကြတဲ့ ပိုင်တံခွန်နဲ့ ရွှေကစ်လေးတို့ နှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို အနုပညာအလုပ်တွေကိုလည်း အတူလက်တွဲလုပ်ဆောင်နေကာ အခမ်းအနားပွဲလေးကိုလည်း အတူတက်ရောက်ခဲ့ကြပါတယ်..။

ICON KTV အသစ်ဖွင့်ပွဲကိုအတူ တက်ရောက်ခဲ့ကြပြီး အခြားအနုပညာရှင်သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးတွေ့ဆုံရင်း အမှတ်တရပုံရိပ်လေးတွေလည်း ရိုက်ကူးထားပါသေးတယ်..။

Photo Credit - Photographer Htet Paing Ye’s Facebook
Photo Credit - Photographer Htet Paing Ye’s Facebook

အမှတ်တရပုံရိပ်လေးတွေကိုလည်း ဗီဒီယိုဖိုင်လေးနဲ့အတူ မင်းသားချောလေး ပိုင်တံခွန်က ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ဆောင်နေပြီး ချစ်စရာကောင်းလွန်းတဲ့ ရွှေကစ်လေးနဲ့ ပိုင်တံခွန်တို့ရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေကလည်း သဘောျကအချစ်ပိုနေကြမှာမို့ အားလုံးအတွကမ် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Paing Takhon’s Facebook ၊ Photographer Htet Paing Ye’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။