အဆိုတော် အာဘွိုင်းနဲ့ သရုပ်ဆောင် မြတ်ရတနာကျော်တို့ဇနီးမောင်နှံကတော့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်လာခဲ့တာ အခုဆိုရင် သမီးလေးတစ်ယောက်တောင် ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ Scarlett Phyo Tun လို့ ဘိုဆန်ဆန်နာမည်လေးပေးထားတဲ့ အာဘွိုင်းတို့ရဲ့သမီးလေးကတော့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။

Photo Credit- Kyaw Phyo Tun's FB
Photo Credit- Kyaw Phyo Tun's FB
Photo Credit- Kyaw Phyo Tun's FB

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၃) ရက်နေ့ကမှ အသက်တစ်နှစ်တိတိပြည့်သွားတဲ့ Scarlett လေးကတော့ တစ်နေ့တစ်ခြား ဘိုမရုပ်လေးနဲ့တူပြီး အသည်းယားစရာကောင်းလာတာ ဖြစ်ပါတယ်။ Scarlett လေးက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ပန်းနုရောင်သန်းနေတဲ့ ပါးနုနုလေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အခုလည်း အာဘွိုင်းက သမီးလေးရဲ့ချစ်စရာပုံရိပ်လေးတွေကို တင်ထားပါတယ်။

Photo Credit- Kyaw Phyo Tun's FB
Photo Credit- Kyaw Phyo Tun's FB
Photo Credit- Kyaw Phyo Tun's FB

အာဘွိုင်းက " Daddy’s little girl " ဆိုပြီး သမီးလေးရဲ့ပုံလေးတွေကို တင်ထားသလို မေမေမြတ်ရတနာကျော်ကလည်း သမီးလေးရဲ့ဗီဒီယိုဖိုင်လေးကို မျှဝေထားပါတယ်။ အဖေနဲ့အမေနှစ်ယောက်လုံးက အချောအလှလေးတွေဖြစ်ကြတာကြောင့် သမီးလေးဖြစ်တဲ့ Scarlett လေးကလည်း အရမ်းချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အာဘွိုင်းသမီးလေးရဲ့ချစ်စရာပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Kyaw Phyo Tun's FB

Video Credit- Myat Yadanar Kyaw's FB

Photo Credit- Kyaw Phyo Tun's FB
Photo Credit- Kyaw Phyo Tun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။