ပရိသတ်တွေရဲ့အချစ်ောတ် အနုပညာရှင်ဆယ်လီစုံတွဲတွေထဲမှာ အဆိုတော်သရုပ်ဆောင်မင်းသားချော ရွှေထူးနဲ့ သရုပ်ဆောင်မင်းသမီးချောလေး ရွှေမှုံရတီတို့ကတော့ အားကျစရာစုံတွဲလေးပါပဲ..။

တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးမှုလေးတွေနဲ့ ရိုမန်တစ်ဆန်ကြတဲ့ သူတို့စုံတွဲလေးကတော့ ပရိသတ်တွေကို အမြဲအားကျကြည်နူးစေသလို အနုပညာအလုပ်တွေကိုလည်း အတူလက်တွဲလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်..။

Photo Credit - Htoo Khant’s Facebook
Photo Credit - Shwe Mhone Yati’s Facebook

ဇနီးချောလေးရွှေမှုံကတော့ ဒီကနေ့မှာ မွေးနေ့ကျရောက်လာတဲ့ ရင်နဲ့အမျှချစ်မြတ်နိုးရတဲ့ ချစ်ခင်ပွန်းရွှေထူးအတွက် ကြည်ကြည်နူးနူးလေး မွေးနေ့ဆုတောင်းစကားလေး ဆိုလိုက်ပါတယ်..။

သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ Happy Birthday Pa Pa လို့ ချစ်စနိုးလေးပြောပြီး ကြည်ကြည်နူးနူးလေး မွေးနေ့ဆုတောင်းပေးထားတာမို့ ပရိသတ်တွေကလည်း သူတို့စုံတွဲလေးအတွက် ဆုတောင်းစကားလေးတွေနဲ့ ကြည်နူးနေကြပါတယ်..။

Photo Credit - Shwe Mhone Yati’s Facebook
Photo Credit - Shwe Mhone Yati’s Facebook

ပရိသတ်တွေရဲ့ အသည်းကျော် သူတို့ဇနီးမောင်နှံလေးကတော့ မွေးနေ့အမှတ်တရအလှူလေးအဖြစ် လှည်ကူးမြို့နယ်၊ မရမ်းချောင်ကျေးရွာမှာရှိတဲ့ မေတ္တာပရဟိတဂေယာမှာ အလှူလေးတွေပြုလုပ်ကာ ကုသိုလ်ယူခဲ့ကြပါတယ်..။

ပရိသတ်တွေကလည်း သူတို့စုံတွဲလေးရဲ့ မွေးနေ့အလှူလေးကို ကြည်နူးပီတိလေးတွေနဲ့ ဆုတောင်းစကားလေးတွေ ပြောထားကြပြီး လိုက်ဖက်ညီလွန်းကြတဲ့ စုံတွဲလေးကိုလည်း ချစ်မဝဖြစ်နေကြမှာပါနော်..။

Photo Credit - Htoo Khant’s Facebook
Photo Credit - Htoo Khant’s Facebook

Photo Credit - Htoo Khant’s Facebook ၊ Shwe Mhone Yati’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။