စကားဝဲ၀ဲလေးနဲ့ ယနေ့ချိန်ထိအောင်ပရိသတ်တွေ ချစ်နေရတာကတော့ သရုပ်ဆောင်မင်းသမီးလေး သဉ္ဇာနွယ်ဝင်းပါ။ သူမဟာ သားလေးမွေးပြီးနောက်ပိုင်း အနုပညာအလုပ်တွေကိုသိပ်မလုပ်တော့ပဲ တစ်ခါတစ်ရံမှသာကြော်ငြာလေးတွေ ရိုက်ဖြစ်နေတာပါ။ မကြာခင်မှာလည်း သမီးလေးကို မွေးဖွားတော့မှာပါ။ 

Photo Credit - Thinzar Nwe Win's Facebook
Photo Credit - Thinzar Nwe Win's Facebook
Photo Credit - Thinzar Nwe Win's Facebook

ချစ်ခင်ပွန်းရဲ့ ဂရုတစိုက်ပြုစုစောင့်ရှောက်မှုတွေကြောင့်လည်း သဉ္ဇာတစ်ယောက် ကြည်နူးနေကြတာပါ။ မိသားစုပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ဝေမျှလေ့ရှိပြီး အားလုံးကလည်း အားကျနေရတာပါ။ သူမဟာ သမီးလေးမမွေးဖွားခင်လေးမှာ သမီးလေးအတွက်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းလေးများကို စတင်စုဆောင်းနေတာပါ။

Photo Credit - Thinzar Nwe Win's Facebook
Photo Credit - Thinzar Nwe Win's Facebook
Photo Credit - Thinzar Nwe Win's Facebook

မကြာသေးခင်ကလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ သမီးလေးရဲ့ကုတင်ပေါ်ကိုတက်ပြီး ကစားနေတဲ့ Peach Layရဲ့ ဗီဒီယိုလေးပါ။ " အခုထဲကကုတင်လုနေပြီ " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို Peach Lay ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source - Thinzar Nwe Win's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။