သရုပ်ဆောင် မင်းသားချော စည်သူဝင်းနဲ့ သရုပ်ဆောင် မင်းသမီးချောဝေလာရီတို့နှစ်ယောက်ကတော့ "နှင်းဆီ" ဇာတ်လမ်းတွဲလေးမှာ ပရိသတ်တွေရဲ့အထူးတလည်အားပေးဝန်းရံမှုကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ စည်သူဝင်းက ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သလို ဝေလာရီကလည်း ပထမဆုံးဇာတ်လမ်းတွဲလေးမှာတင် ပရိသတ်အချစ်ကိုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB

ဒီဇာတ်လမ်းတွဲလေးမှာတော့ စည်သူဝင်းက "ကိုတင်မောင်ကျော်" အဖြစ် ဗီလိန်ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ခဲ့သလို ဝေလာရီကလည်း "မော်" ဆိုတဲ့ကောင်မလေးအဖြစ် အကောင်းဆုံးသရုပ်ဆောင်ပြခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း စည်သူဝင်းနဲ့ ဝေလာရီတို့က Photo Shooting လေးတစ်ခုကို အတူတူရိုက်ကူးနေရတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ပန်းနုရောင်မင်္ဂလာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ညီစွာ ရိုက်ကူးရေးပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB

ဝေလာရီက " အကိုကျော် နဲ့ မော်ရဲ့ ပန်းနုရောင် ပုံရိပ်လေးတွေပါ..ဘာလုပ်လုပ် အမြဲပျော်ပျော် ရွှင်ရွှင် လုပ်ကိုင်တတ်တာ ဒီမောင်နှမနှစ်ယောက်ရဲ့ တူတဲ့ အချက်လေးတွေပေါ့.. " ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စည်သူဝင်းနဲ့ ဝေလာရီတို့အနုပညာမောင်နှမနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Wai Lar Ri's FB 

Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။