မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ ပြည်သူ့အချစ်တော် ဝတ်မှုန်ရွှေရည်ကတော့ အကယ်ဒမီရွှေစင်ရုပ်တုနှစ်ခုကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ အသားအရေလေးက ကိုရီးယားမင်းသမီးချောလေးတွေလို ဖြူဝင်းနုဖတ်သလို ရုပ်ရည်လေးကလည်း အပြစ်ဆိုဖွယ်မရှိလောက်အောင် လှပလွန်းတဲ့ကစ်က တကယ့်ကိုချစ်ဖို့ကောင်းလွန်းသူလေးပဲ ဖြစ်ပါတယ်။

Photo Credit-Haw
Photo Credit-Amazing Grace

ယနေ့အချိန်အထိ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးနေရတဲ့ ရွှေကစ်က နိုင်ငံတကာနဲ့လက်တွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာတော့ ရွှေကစ်လေးက ကြော်ငြာလေးတွေနဲ့ Photo Shooting တွေဆက်တိုက်ဆိုသလို ရိုက်ကူးနေတာ တွေ့ရပါတယ်။

Photo Credit- Li John Photography
Photo Credit- Li John Photography
Photo Credit-Wutt Hmone Shwe Yi's FB

ဒီနေ့မှာတော့ ရွှေကစ်က ရွှေနန်းတော် ရတနာရွှေဆိုင်အတွက် ကြော်ငြာရိုက်ကူးရေးတစ်ခု ပြုလုပ်နေကြောင်း သူမရဲ့ My Story မှာတင်ထားပါတယ်။ အနီရောင်ဖက်ရှင်လေးကို ဝတ်ဆင်ထားပြီး အဖိုးတန်လက်ဝတ်ရတနာတွေကို ဆင်မြန်းထားတဲ့ ကစ်လေးကတော့ အရမ်းလှသွေးကြွယ်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Wutt Hmone Shwe Yi's IG

Video Credit-Shine - Make Up Artist FB Page 

Photo Credit-Wutt Hmone Shwe Yi's IG
Photo Credit-Wutt Hmone Shwe Yi's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။