ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာဟာဆိုရင် သီချင်းခွေအသစ်လည်းထွက်ရှိထားကာ ပွဲတွေကိုလည်းသွားရောက်ပြီး ဖျော်ဖြေပါတယ်နော်။ဆုပန်ထွာရဲ့ အသံချိုချိုလေးနဲ့သီဆိုတဲ့ သီချင်းလေးတွေကို ပရိသတ်တွေကအရမ်းကြိုက်နှစ်သက်ကြလို့ တစ်ခဲနက်အားပေးကြပါတယ်။ဆုပန်ထွာက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာယူထားနိုင်ဆဲပါနော်။

Source:Supan Htwar's Facebook/Photo Credit:Bling Bling
Source:Supan Htwar's Facebook/Photo Credit:Bling Bling
Source:Supan Htwar's Facebook/Photo Credit:Bling Bling

ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ဆုပန်ထွာက ချစ်ခင်ပွန်းကလည်း အရမ်းချစ်ပြီး ကြင်နာယုယသလို တစ်ဦးတည်းသောသားလေးကလည်း တီတီတာတာလေးတွေနဲ့ချွဲတတ်လို့ သူမရဲ့မိသားစုလေးကအရမ်းချစ်စရာကောင်းပါတယ်နော်။သားချောလေး Roar Roar ကို သေချာသင်ကြားပြသပေးထားလို့ သားလေးကလည်းလိမ္မာရေးခြားရှိပြီး သိတတ်တဲ့ကလေးလေးဖြစ်ပါတယ်။

Source:Supan Htwar's Facebook/Photo Credit:Bling Bling
Source:Supan Htwar's Facebook/Photo Credit:Bling Bling
Source:Supan Htwar's Facebook/Photo Credit:Bling Bling

အခုဆိုရင်တော့ ဆုပန်ထွာက အဆိုတော်မေခလာတို့နဲ့အတူ USAကို အလုပ်ကိစ္စအတွက်သွားကြပြီး လေဆိပ်ကိုချစ်ခင်ပွန်းကလိုက်ပို့ကာပွေ့ဖတ်နှုတ်ဆက်ခဲ့ပါတယ်နော်။USAကိုရောက်ရှိနေတဲ့ဆုပန်ထွာကတော့ ညစာစားတဲ့အချိန်လေးမှာ ပုဇွန်ထုပ်ကြီးတွေကို အားရပါးရစားသောက်နေတဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Supan Htwar's Facebook/Photo Credit:Bling Bling
Source:Supan Htwar's Facebook/Photo Credit:Bling Bling
Source:Supan Htwar's Facebook/Photo Credit:Bling Bling

Source:Supan Htwar's Facebook/Photo Credit:Bling Bling

Video Credit:Supan Htwar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။