London Hammer

သိပ္ပံပညာရှင်တွေဟာ Time traveller တွေလုပ်ခဲ့တယ်လို့ ယူဆကြတဲ့ တူတစ်ခုကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ။ တူရဲ့ ခေါင်းကို ကာဗွန်ဒိတ်တင်း နည်းပညာအရ စစ်ဆေးကြည့်ရာလွန်ခဲ့တဲ့ နှစ်သန်း ၅၀၀ ကဖြစ်ပြီး တူကို ကျောက်ငုံသွားတာက လွန်ခဲ့တဲ့ နှစ်သန်း၄၀၀က ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ထိုတူကို သေချာလေ့လာ စစ်ဆေးတဲ့အခါမှာတော့ သန့်စင်ပြီးသား သံသထ္ထု ၉၆ ရာခိုင်နှုန်း ပါဝင်နေတာကို တွေ့ရှိရပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

Baghdad Battery

အခုမြင်တွေ့နေရတဲပ ပစ္စည်းလေးကလည်း သိပ္ပံပညာရှင်တွေ တူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်း ပစ္စည်းလေးတစ်ခု ဖြစ်ပါတယ်။ အစပိုင်းမှာတော့

လူတစ်ချို့က ဒါဟာ ဘက်ထရီ ဖြစ်ကြောင်းကို မယုံကြည်ခဲ့ ကြပါဘူး။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ပညာရှင်တွေဟာ ဒီပစ္စည်းနဲ့ ပုံစံတူ ပြုလုပ်ပြီး စမ်းသပ်ကြည့်ရာ လျပ်စစ် လှိုင်းများ ထွက်လာတာကို တွေ့ရှိ ခဲ့ရပါတယ်။ ဒါ့ကြောင့် ဤပစ္စည်း ကို ကမ္ဘာ့ပထမဆုံး ဘက်ထရီ လို့ သတ်မှတ်ခဲ့ကြတာ ပဲ ဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

Waffle Rock

နောက်ထပ်တစ်ခုကတော့ ဗာဂျီးနီယားပြည်နယ် အနောက်ပိုင်းမှာ တွေ့ခဲ့ရတဲ့ အဆောက် အဦးတစ်ခုရဲ့ အကြွင်းအကျန် ပစ္စည်း တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပညာရှင်တွေဟာ ဒီအကြွင်းအကျန်ပစ္စည်းကိုလေ့လာ ကြည့်တဲ့ အခါမှာတော့ ထူးဆန်းတာ တစ်ခုကို တွေ့ရှိခဲ့ရပါတယ်။

တည်ဆောက်ထားပုံက waffle pattern (ကြံခိုင်မှုရှိအောင် ကွန်ယက်များ) ထည့်သွင်းထားတဲ့ ဒီဇီုင်းဖြစ်နေပြီး ယနေ့ခေတ်လူသားတွေ လိုက်မမှီတဲ့ ခေတ်လွန် နည်းပညာများ သုံးဆွဲ ထားပုံဖြစ်နေပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။