အကယ်ဒမီ သုံးထပ်ကွမ်းဆုရှင်တစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးရဲ့ ဇာတ်ကားတွေဟာဆိုရင် ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ရပြီး အကြိတ်အနယ်အားပေးရတဲ့အထိ အောင်မြင်နေတာဖြစ်ပါတယ်။ဖွေးဖွေးက ဇာတ်ကားတိုင်းရဲ့ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်ပြီး အရမ်းကြိုးစားတာကြောင့် အောင်မြင်မှုဆိုတာတွေလည်းရရှိလာတာပေါ့နော်။

Photo Credit:Phway's Cheat Days Page
Photo Credit:Phway's Cheat Days Page
Photo Credit:Phway's Cheat Days Page

အသက်၂၀ကျော်အရွယ်ကနေ အသက်၃၁နှစ်အရွယ်ထိ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်လာခဲ့တာကြောင့် အနုပညာသက်တမ်းကလည်း ၁၀နှစ်တစ်စုစာလောက်ရှိနေပါပြီနော်။အနုပညာလောကထဲမှာ ထိပ်တန်းမင်းသမီးတစ်လက်လို့ဆိုလို့ရပြီး ပရိသတ်အင်အားအခိုင်အမာနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ဖွေးစိန်လေးကတော့ အမြဲတမ်းကြိုးစားနေတဲ့သူဖြစ်လို့ ဒီထက်မကလည်း အောင်မြင်နေဦးမှာပါနော်။

Photo Credit:Phway's Cheat Days Page
Photo Credit:Phway's Cheat Days Page
Photo Credit:Phway's Cheat Days Page

အသက်၃၁နှစ်အရွယ် လူလတ်ပိုင်းဖြစ်ပေမယ့်လည်း လူငယ်တစ်ယောက်လို နုပျိုလှပနေပြီး အမြဲတမ်းလန်းဆန်းတက်ကြွနေတာပါနော်။ဖွေးစိန်လေးကလူလေးကလည်း ပြည့်ပြည့်ဖြိုးဖြိုးလေးနဲ့ချစ်စရာကောင်းသလို အစားအသောက်ဆိုလည်းမလျော့တဲ့သူပါ။အခုဆိုရင်လည်း အရမ်းအရသာရှိတဲ့ အစားအစာတွေကို အားရပါးရစားသောက်နေရလို့ တက်ကြွပျော်ရွှင်နေတဲ့ ဖွေးဖွေးရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phway's Cheat Days Page
Photo Credit:Phway's Cheat Days Page
Photo Credit:Phway's Cheat Days Page

Photo Credit:Phway's Cheat Days Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။