နေခြည်ဦးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အချိန်တခဏအတွင်း ရရှိပိုင်ဆိုင်ခဲ့တဲ့ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဟန်ဆောင်မှုမရှိဘဲ ပွင့်လင်းစွာပြောဆိုတတ်ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးဖြစ်တဲ့ နေခြည်ဦးကတော့ ယခုမှာကြော်ငြာတွေကိုလဲ ရိုက်ကူးနေသလို ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ ရိုက်ကူးလျက်ရှိနေပါတယ်။

ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်နေကြတဲ့ နေခြည်ဦးကတော့ ကိုယ့်အသိုင်းအဝိုင်း နယ်ပယ်မှာ အရှိန်အဝါလေးရလာတိုင်း မာန်တက်နေလို့ မရတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။နေခြည်ဦးကတော့ "ဪ ကိုယ့်ဖြစ်ရပ် ကိုယ်တွေးပြီးတရားရလို့ပါကိုယ့်အသိုင်းအဝိုင်း နယ်ပယ်မှာ အရှိန်အဝါလေးရလာတိုင်း မာန်တက်နေလို့ မရဘူးဟ " ဆိုပြီးပြောထားခဲ့ပါတယ်။

သူမကတော့ " ကိုယ့်စက်ဝန်းလေးက ကိုယ့်အတွက်တော့ ကြီးရင်ကြီးနေမှာပေါ့ ဒါပေမယ့် စကြာဝလာနဲ့ မနှိုင်းနဲ့ဦး ဒီရပ်ကွက် ဒီမြို့ ဒီတိုင်း ဒီနိုင်ငံကထွက်သွားရင် ကိုယ့်အရှိန်အဝါ ဘယ်လောက်ကြီးတော့မှာလဲလေ။ ဒါတွေက နိုင်ငံရဲ့ တိုးတက်မှု မတိုးတက်မှုကြောင့်လို့ အပြစ်တင်နေမယ့်အစား ကိုယ့်ဘဝကို ဒီထက်ပိုတိုးတက်အောင် လမ်းရှာပြီး ဖောက်ရမှာဘဲ။နေခြည်ဦးရေ "ဆိုပြီး ပြောထားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။