နန္ဒာလှိုင်ဟာ ချစ်စရာကောင်းတဲ့သမီးလေးတွေနဲ့အတူ ပျော်စရာကောင်းတဲ့မိသားစုကို ပိုင်ဆိုင်ထားတာပါ။ သူမဟာ အနုပညာအလုပ်တွေမှ အနားယူကာ စီးပွားရေးလုပ်ငန်းတွေကိုပဲ ဇောက်ချလုပ်ကိုင်နေတာပါ။ ပရိသတ်တွေကလည်း သူမရဲ့မိသားစုဘဝလေးကို အားကျနေတာပါ။  

Photo Credit - Nandar Hlaing's Facebook Account
Photo Credit - Nandar Hlaing's Facebook Account

သူမရဲ့သမီးလေးတွေဟာလည်း ၀၀တုတ်တုတ်လေးတွေနဲ့ ချစ်စရာကောင်းလွန်းနေတာပါ။ သမီးလေးတွေဟာလည်း လိမ္မာရေးခြားရှိရုံသာမကပဲ ပညာရေးတွင်လည်း ထူးချွန်တာပါ။ သမီးလေးတွေရဲ့ ဗီဒီယိုလေးတွေကိုလည်း နန္ဒာရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှလေ့ရှိတာပါ။

Photo Credit - Nandar Hlaing's Facebook Account
Photo Credit - Nandar Hlaing's Facebook Account

အခုမှာလည်း သမီးသုံးယောက်လုံး ချစ်ချစ်ခင်ခင်ဆော့ကစားနေကြတဲ့ ဗီဒီယိုလေးကို တင်ထားတာပါ။ နန္ဒာရဲ့သမီးငယ်လေး မဒီလေးဟာလည်း အရုပ်မလေးတွေနဲ့ပျော်ရွှင်စွာဆော့ကစားနေတာပါ။ ပရိသတ်တွေအတွက် သမီးလေးတွေရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Nandar Hlaing's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။