ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားပြီး အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းအနုပညာရှင်မင်းသားအဖြစ် ရပ်တည်နေတဲ့ အကယ်ဒမီမင်းသားချောနေတိုးကတော့ သူ့ရဲ့ ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုတွေနဲ့အတူ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပါတယ်..။

အချစ်တော် မင်းသားချောလေး နေတိုးကတော့ အနုပညာအလုပ်တွေကို စိတ်ပါဝင်စားနဲ့ အမြဲလုပ်ဆောင်တတ်ပြီး အဘက်ဘက်ကနေ ထူးချွန်သူမို့ စွယ်စုံရမင်းသားချောအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲ အခိုင်အမာနေရာယူထားတဲ့ သဘာဝမင်းသားပဲဖြစ်ပါတယ်..။

Photo Credit - Nay Ye’s Facebook
Photo Credit - Nay Ye’s Facebook

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ် ဒိတ်ဒိတ်ကြဲ အနုပညာရှင်ဖြစ်သလို အခုအချိန်ထိလည်း အိမ်ထောင်မပြုသေးပဲ မိဘတွေနဲ့သာ အဖော်ပြုပြီး အေးချမ်းစွာဖြတ်သန်းနေတဲ့ လူပျိုကြီးအဖြစ် ပရိသတ်တွေကို အချစ်ပိုစေသူလည်း ဖြစ်ပါတယ်နော်..။

လူပျိုကြီးနေတိုးကတော့ အမေဖြစ်သူ အရီးရဲ့ မွေးနေ့လေးအထိမ်းအမှတ်လေးအတွက် အခြားအနုပညာရှင်များနဲ့အတူ မွေးနေ့ပွဲလေးပြုလုပ်ခဲ့ပြီး အရီးကို ပျော်ရွှင်စေပြန်ပါတယ်နော်..။

Photo Credit - Nay Ye’s Facebook
Photo Credit - Nay Ye’s Facebook
Photo Credit - Nay Ye’s Facebook

အရီးရဲ့ မွေးနေ့ပွဲ အထိမ်းအမှတ် စားသောက်ပွဲကိုလည်း နေမျိုးအောင်၊ နေရဲနဲ့ အခြားအနုပညာရှင်တွေလည်း တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပြီး မွေးနေ့အမှတ်တရပုံရိပ်လေးတွေကိုလည်း နေရဲကပြန်လည်မျှဝေထားပါသေးတယ်..။

“အရီးမွေးနေ့ အထိမ်းအမှတ်စားကြသောက်ကြ...... dinner အတွက် ကျေးဇူးပါဗျာ..ဒီထက်မက လှူနိုင်တန်းနိုင် ကျွေးနိုင်မွေးနိုင်ပြီးသက်ရှည်ကျန်းမာ ပြီးပြည့်စုံသောစိတ်ချမ်းသာမှုတွေနဲ့သာသနာပြုနိုင်ပါစေ ကိုကြီးလဲဒီထက်မက စိတ်ချမ်းသာပြီး အောင်မြင်မှုတွေရပါစေ..” ဆိုပြီး နေရဲ ချစ်ပရိသတ်တွေအတွက်လည်း ပြန်လည်ဝေမျှထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Nay Ye’s Facebook
Photo Credit - Nay Ye’s Facebook

Photo Credit - Nay Ye’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။