ဟာသမင်းသမီးချောလေး ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် ရိုးသားဖြူစင်လွန်းတဲ့ စိတ်ထားအလှပိုင်ရှင်လေးဖြစ်ပြီး အားလုံးအပေါ်မှာ ဖော်ရွေရင်းနှီးစွာ ဆက်ဆံလေ့ရှိတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ နာမည်ရအောင်မြင်လာတဲ့ ဖြူဖြူထွေးက အနုပညာအလုပ်တွေ အများကြီးလုပ်ကိုင်လာရပေမယ့် ယနေ့ချိန်အထိ မာနမကြီးဘဲ ရိုးရှင်းစွာနေထိုင်နေဆဲ ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

အခုဆိုရင် ဖြူဖြူထွေးက ပွဲအခမ်းအနားလေးတွေ မကြာခဏ တက်ရောက်နေရသလို ကြော်ငြာလေးတွေလည်း လက်ခံရိုက်ကူးနေရပါတယ်။ ဖြူဖြူထွေးက သူမရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ မိဘတွေကိုလုပ်ကျွေးပြုစုနေသလို ရွာမှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေအတွက်လည်း လှူဒါန်းလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက ရွာကသက်ကြီးရွယ်အိုတွေကို အိမ်တိုင်ရောက်ရာသွားပြီး သီတင်းကျွတ်လက်ဆောင်တွေသွားပေးခဲ့ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

အဘိုးအဘွားတွေကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံလှူဒါန်းပေးခဲ့တဲ့ ဖြူဖြူထွေးက " ကိုယ့်ထက် အကကောင်းသောအဖွားအားတွေ့ရသောအခါ သီတင်းမကျွတ်မချင်းလှူဒါန်းနိုင်အောင် ဖြူကြိုးစား" ဆိုပြီး ဗီဒီယိုလေးကို တင်ထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိတ်ထားကောင်းတဲ့ ဖြူဖြူထွေးနဲ့ ရိုးသားဖြူစင်တဲ့ အဘိုးအဘွားတွေရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Phyu Phyu Htwe's FB 

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။