ကဲ... အသီးမှာသရက် အသားမှာဝက် ဆိုပြီး စားကောင်းကောင်းနဲ့ စားနေကြတဲ့ အစားချစ်သူ ပရိသတ်တွေကို ဒီတစ်ခေါက်တော့ ဝက်သားထဲမှာပါတဲ့ အရမ်းလည်းကြောက်ဖို့ကောင်းတဲ့ ကပ်ပါးကောင်တစ်မျိုးအကြောင်းကိုမျှဝေပေးမှာပဲဖြစ်ပါတယ်နော်။ အမဲသား ( beef) သို့မဟုတ် ဝက်သား ( pork) တွေထဲမှာ (Spirometra Erinaceieuropaei)လို့ခေါ်တဲ့ ကပ်ပါးကောင်တစ်မျိုး ပါဝင်လာတတ်ပါတယ်။ ၎င်း ကပ်ပါးကောင်ဟာ လူ့ခန္ဒာ ကိုယ် ထဲမှ တစ်သျူးတွေ မျက်လုံးတွေ ဦးနောက်တွေထဲအထိအောင်ဖြတ်သန်း သွားနိုင်စွမ်းရှိပါတယ်။

Photo Source : Pngtree

UK Cambridge မှာရှိတဲ့ဆေးရုံကို လူနာတစ်ဦးဟာ ထူးခြားတဲ့ ခေါင်းကိုက် ဝေဒနာ ခံစားရလို့ဆိုပြီးတော့ ရောက်လာပါတယ်။ ထိုလူနာကို စစ်ဆေးလိုက်ပေးမယ့်လည်း တိတိကျကျ အဖြေရှာ မရခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ ဆရာဝန်တွေ ဟာ ထူးခြားတဲ့ ခေါင်းကိုက် ဝေဒနာ ခံစားနေရတဲ့ လူနာရဲ့ မျက်လုံး ထဲမှာ တုတ်ကောင် တစ်မျိုးကို မထင်မှတ်ဘဲ တွေ့ရှိရပြီးနောက် ခွဲစိတ်ဖယ်ရှား ခဲ့ရာ နောက်ပိုင်း ဦးနှောက်ထဲက ကပ်ပါးကောင်တွေအားလုံးကို ဖယ်ရှားခဲ့ရပါတယ်။

Photo Source : သံ ဇဉ် မိုးဇတ်

ထိုလူနာ ခရီးသွားလည်ပါတ်ခဲ့တဲ့နိုင်ငံတွေကို မေးမြန်းစုံစမ်းခဲ့တဲ့အခါမှာတော့ ဂျပန် / တရုတ် /ကိုရီးယား /ထိုင်းတို့မှ ပြန်လာ သောသူတစ်ယောက်ဖြစ်လို့နေပါတယ်။ ရောဂါဟာ ဝက်သား မကျက် တစ်ကျက် နှင့်ကိုရီးယား အမဲသား အစိမ်း စားခဲ့ရာကနေ ဖြစ်ပွားခဲ့ရတယ်လို့လည်း သိခဲ့ရပါတယ်။ ဝက်သား အမဲသားတွေကို လုံလောက်စွာ ချက်ပြုတ်ပြီးမှ စားသင့်တယ်လို့လည်း အကြံပေးသွားခဲ့ပါတယ်။ ဒီရောဂါဟာ အချိန်မှီ မကုသနိုင်ရင်လည်း အသက်သေ ဆုံးသွားနိုင်ပါတယ်လို့ ဆိုပါတယ်နော်။ ကဲ... ဒီတော့ ချစ်ပရိသတ်တို့လည်း ဝက်သား အမဲသားတွေစားမယ်ဆိုရင် မကျက်တကျက်တွေ ဘယ်တော့မှမစားဘဲ ဂရုတစိုက်ချက်ပြုတ်ပြီးမှ ချက်ပြုတ်စားကြဖို့ အကြံပြုလိုက်ပါရစေနော်...

Photo Source : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။