အောင်မြင်မှုတွေများစွာနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားသူတွေကတော့ ရွှေထူးနဲ့ရွှေမှုံတို့ ဇနီးမောင်နှံပါ။ သူတို့နှစ်ယောက်လုံးဟာ ဝါသနာပါရာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေကြတာပါ။ ရွှေထူးဟာလည်း အဆိုတော်ဘဝမှ သရုပ်ဆောင်အလုပ်ကို ကူးပြောင်းလာပြီဖြစ်ပြီ သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားတာပါ။  

Photo Credit -Htoo Khant's Facebook Account
Photo Credit -Htoo Khant's Facebook Account
Photo Credit -Htoo Khant's Facebook Account

မနေ့ကတော့ ရွှေထူးရဲ့ ၂၇ နှစ်မြောက်မွေးနေ့ရက်မြတ်လေးပါ။ သူ့ရဲ့ မွေးနေ့လေးကိုတော့ ချစ်ဇနီးချောလေးနဲ့အတူ အလှူအတန်းတွေပြုလုပ်ကာ အတူတူ ဖြတ်သန်းခဲ့တာပါ။ သူ့ရဲ့မွေးနေ့အမှတ်တရအနေနဲ့ ပက်သက်ပြီးတော့လည်း ရွှေထူးရဲ့လူမှုကွန်ယက်စာမျက်နှာတွင် အခုလိုပဲ ရေးသားထားတာပါ။  

Photo Credit -Htoo Khant's Facebook Account
Photo Credit -Htoo Khant's Facebook Account
Photo Credit -Htoo Khant's Facebook Account

" ဘဝမှာပထမဆုံးသော အပြည့်စုံဆုံးသော အပျော်ရွှင်ရဆုံးသော မွေးနေ့လေးဖြစ်ခဲ့ရပါတယ်ဗျာ... ချစ်ကြ ခင်ကြ တန်ဖိုးထားကြတဲ့ ကျွန်တော့်ကိုချစ်သော ကျွန်တော်ချစ်ရသော မိတ်ဆွေ ပရိသတ် ညီအကိုမောင်နှမ သူငယ်ချင်း မွေးနေ့ဆုတောင်းပေးကြသူ အပေါင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ...

( ဘာကြောင့်အဲ့လောက်ပျော်ရွှင်ရတဲ့ ၂၇ နှစ်ပြည့်မွေးနေ့ဖြစ်လည်းဆိုတာ မကြာခင်သိရပါမယ်ခင်ဗျာ ) " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Htoo Khant's Facebook Account and Myday

Photo Credit -Htoo Khant's Facebook Account

Photo Credit -Htoo Khant's Facebook Account
Photo Credit -Htoo Khant's Facebook Myday
Photo Credit -Htoo Khant's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။