ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်နေသူလေးပါ..။

ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ဆွဲဆောင်မှုရှိလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်မှုတွေနဲ့ ချစ်စရာကောင်းပြီး ဖြူစင်တဲ့ စိတ်ထားလေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုလေးတွေဆိုလည်း မမှားပါဘူး..။

Photo Credit - ALinnYaung Photography
Photo Credit - Li John Photography

စူစူလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုကတော့ မကြာခဏအလှူအတန်းတွေပြုလုပ်လေ့ရှိပြီး အခုတစ်ခါမှာလည်း ရိုက်ကူးရေးလုပ်ရင်း စက်အဖွဲ့သားတွေကို လှူဒါန်းမှုလေးတွေ ပြုလုပ်ခဲ့ပြန်ပါတယ်..။

ရိုက်ကွင်းမှာ စက်အဖွဲ့သားတွေအတွက် ဆန်တစ်အိမ်နဲ့ ဆီတစ်ဗူးစီကို ကိုယ်တိုင်ကိုယ်ကျ ပေးဝေလှူဒါန်းခဲ့တာဖြစ်ပြီး အလှူလေးပြုလုပ်ရင်း ပျော်နေတဲ့ စူစူလေးကတော့ တကယ်ကို ချစ်စရာလေးပါပဲ..။

Photo Credit - Ei Chaw Po’s Facebook
Photo Credit - Ei Chaw Po’s Facebook

အခုလိုစက်အဖွဲ့သားတွေအတွက် အလှူလေးပြုလုပ်ရင်း ကလေးလေးတစ်ယောက်လို ပျော်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်လည်း သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ပြန်လည်မျှဝေထားပါသေးတယ်..။

“ဒီနေ့ ရိုက်ကွင်းမှာစက်အဖွဲ့တွေအတွက်တတ်နိုင်သရွေ့အလှူ လေးလုပ်ဖြစ်တယ်...”ဆိုပြီး ကြည်နူးပီတိဖြစ်စရာ သူမရဲ့ အလှူဗီဒီယိုဖိုင်လေးကို ဝေမျှထားတာမို့ ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြပါတယ်..။

Photo Credit - Ei Chaw Po’s Facebook
Photo Credit - Ei Chaw Po’s Facebook

Photo Credit - Ei Chaw Po’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။