မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး အောင်ရဲလင်းကတော့ တစ်နိုင်ငံလုံးက မိန်းကလေးပရိသတ်တွေ တော်တော်များများရဲ့အားပေးဝန်းရံမှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်လေးတစ်ဦး ဖြစ်ပါတယ်။ နိုင်ငံခြားမင်းသားတွေလို အရပ်ရှည်ပြီး ဗလတောင့်တဲ့ အောင်ရဲလင်းက ပျိုမဒီတွေ ကြွေနိုင်လောက်တဲ့ ရုပ်ရည်နဲ့ အမိုက်စားBody မျိုးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Photo Credit- Aung Ye Lin's IG
Photo Credit- Aung Ye Lin's FB

အထူးသဖြင့် အောင်ရဲလင်းက ဖက်ရှင်နဲ့ပတ်သက်ရင်လည်း အမြဲတမ်းခေတ်နဲ့လိုက်လျောညီထွေစွာ စမတ်ကျကျ ဝတ်စားဆင်ယင်တတ်သူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အောင်ရဲလင်းက ကြော်ငြာလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုလည်း အောင်ရဲလင်းက ပရိသတ်တွေအတွက် ရိုက်ကွင်းပေါ်က သူ့ရဲ့လှုပ်ရှားမှုတွေကို မျှဝေထားပါတယ်။

Photo Credit- Amazing Grace
Photo Credit- Amazing Grace

အောင်ရဲလင်းက လေယာဉ်မှူးတစ်ဦးအဖြစ် လေယာဉ်ခေါင်းခန်းမှာဝတ်စုံအပြည့်နဲ့ ထိုင်နေတဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာတင်ထားတာပဲ ဖြစ်ပါတယ်။ အောင်ရဲလင်းကတော့ တည်ကြည်ခန့်ညားတဲ့အသွင်နဲ့ တကယ့်ကိုစတိုင်ကျကျ မိမိုက်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော အောင်ရဲလင်းရဲ့ အမိုက်စားဗီဒီယိုဖိုင်လေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Aung Ye Lin's IG

Photo Credit- Aung Ye Lin's IG
Photo Credit- Aung Ye Lin's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။