ကဲ... ပရိသတ်တို့ရေ.... ကမ္ဘာပေါ်မှာဖြစ်ပွားခဲ့တဲ ထူးထူးခြားခြားအဖြစ်အပျက်တစ်ချို့ဟာဆိုရင် စိတ်ဝင်စားဖိုလည်း အရမ်းကောင်းသလို ရေရာတဲ့အဖြေတွေကို မပေးနိုင်တာတွေလည်းများပါတယ်နော်။ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ရှေးကျတဲ့အဖြစ်အပျက်တွေကတော့ တိကျသေချာတဲ့အဖြေတွေကို ပေးနိုင်ဖို့ခက်ခဲ့လှပါတယ်။ ဒါကြောင့် လူတွေရဲ့ ခန့်မှန်းခြေနဲ့သာ အဖြေထုတ်ထားတဲ့ ထူးထူးခြားခြားအဖြစ်အပျက်အချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

(၁) Jutland, ဒိန်းမတ် နိုင်ငံမှာရွံစေး ခန္ဓာကိုယ် ဖြစ်နေတဲ့ တတိယ ရာစုနှစ် (သံ ခေတ် ) က လူတစ်ဦးရဲ့ ရုပ်ကြွင်းကို ထူးဆန်းစွာ ရှာဖွေတွေ့ရှိခဲကြပါတယ်။ ကျွမ်းကျင် ပညာရှင်တွေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ နားတစ်ဖက်ကနေ တစ်ဖက်ကို သပ်လျိုဖေါက်ထွင်း ခံထားရ ကြောင်းတွေ့ခဲ့ရပြီး နတ်ဘုရားတွေကို ဆက်သထားတဲ့ စတေးခံလူသားတစ်ယောက်လို့သာ မှတ်ချက် ပေးထားခဲ့ကြပါတယ်။

Photo Source : သံ ဇဉ် မိုးဇတ်

(၂) Idaho မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း 12 သန်းခန့်က တိရိစ္ဆာန်ရုပ်ကြွင်း ၂၀၀ ခန့်ကို တွေ့ရှိခဲ့ရပါတယ်။ပညာရှင်တွေရဲ့ တွက်ချက် ခန့်မှန်းပုံအရကတော့ မီးတောင်ပေါက်ကွဲမှုကြောင့် တိရိစ္ဆာန်တွေဟာ အသက်ရှုကျပ်နေလွန်းတဲ့အတွက် ရေကိုသောက်သုံးနေတုန်းမှာပဲ ရေကန်ထဲမှာပါဝင်တဲ့ အက်စစ်ဓါတ် တစ်မျိုးကြောင့် တိရိစ္ဆာန်တွေ သေဆုံးခဲ့ရသည်လို့ သိရှိခဲ့ရပါတယ်။ ???

Photo Source : သံ ဇဉ် မိုးဇတ်

(၃) ဆော်ဒီအာရေဗျမှာပတ်ချာလည် ပေ 230 လောက်ရှိတဲ့ ဘီးပုံစံအဝိုင်းပုံမြေကွက်တွေကို ဝေဟင်ကနေတောင်မှတွေ့မြင်နိုင်ပါတယ်။ လေယာဉ်မှုးတွေဟာ ဒေသအာဏာပိုင်တွေကို စုံစမ်းကြည့်တဲ့အခါ အာဏာပိုင်တွေက ဒါဟာရှေးခေတ်ကလူတွေ အလုပ်လုပ် ထားတဲ့မြေကွက်တွေလို့ပြောခဲ့ပေမဲ့ လေယာဉ် မှုးတွေ အတွက် တော့ စိတ်ကျေနပ်စရာ အဖြေတော့ မဟုတ်ခဲ့ပါဘူး ။

Photo Source : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။