ကဲ... ဒီတစ်ခါတော့ ခေတ်မှီတိုးတက်နေတဲ့ အမေရိကန်ပြည်ထောင်စုလို နေရာမျိုးမှာ သုံးမရအောင် ပျက်စီးနေတဲ့ ငွေကြေးတွေနဲ့ ပတ်သတ်ပြီး ပြည်သူတွေကို ဘယ်လိုတွေ ဖြေရှင်းပေးနေလဲဆိုတာကို သိရဖို့အတွက် ထူးထူးခြားခြားဖွဲ့စည်းထားတဲ့ အမေရိကန်ရဲ့ ငွေကြေးဖျက်စီးရေးဌာနအကြောင်းကို ပြောပြမှာပဲဖြစ်ပါတယ်နော်။အမေရိကန်ပြည်ထောင်စုရှိ ငွေကြေးဖျက်ဆီးရေးဌာနဟာ သုံးမရအောင်ပျက်စီးနေတဲ့ အမေရိကန်ဒေါ်လာတွေကို အခမဲ့ အစားထိုးလဲလှယ်ပေးတဲ့ ဌာနဖြစ်ပါတယ်။ဒီဌာနဟာ အမေရိကန်ပြည်ထောင်စု ဒင်္ဂါးသွန်းလုပ်ရေးနဲ့ ငွေကြေးပုံနှိပ်ရေးတို့ရဲ့ လက်အောက်မှာ ၁၈၆၆ ခုနှစ်က ဖွဲ့စည်းခဲ့တာပါ။

Photo Source: Pngtree

ဒီဌာနဟာ နှစ်စဉ် တောင်းခံမှု ၃၀၀၀၀ ကို စဉ်းစားစီစစ်ပြီးတော့ ငွေ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀ ကိုပြန်လည်စိုက်ထုတ်ပေးလျက်ရှိပါတယ်။လဲလှယ်မယ့် ငွေစက္ကူဟောင်းရဲ့ အနည်းဆုံး ထက်ခြမ်းဟာ မပျက်မစီးဘဲရှိဖို့ကိုတော့ သတ်မှတ်ခဲ့ပါတယ်။သို့သော် ငွေစက္ကူ တစ်ပိုင်းသာ တင်ပြနိုင်သူတွေကိုလည်း ကျန်အပိုင်းဟာ လုံးဝပျက်စီးသွားပြီဟု ယူဆပါက အစားထိုးလဲလှယ်ပေးပါသေးတယ်။ ယင်းဌာနက လက်ခံရရှိတဲ့ ဒေါ်လာငွေစက္ကူတွေဟာ ဆိုးဆိုးရွားရွားပျက်စီးနေတတ်ပြီး မီးလောင်ခြင်း၊ မှိုတက်ခြင်း၊မြေကြီးတွင် မြုပ်နေခဲ့ခြင်း၊ တစ်ဝက်တစ်ပျက်ဝါးစားခြင်းများပါဝင်ခဲ့ပါတယ်။

Photo Source: Pngtree

၁၉၇၀ ပြည့်နှစ်မှာ လယ်သမားတစ်ဦးဟာ သူရဲ့ ပိုက်ဆံအိတ်ကို ဝါးစားခဲ့တဲ့ နွားကိုသတ်ကာ အစာအိမ်ကိုထုတ်ပြီး ငွေကြေးဖျက်ဆီးရေးဌာနသို့ စာတိုက်ကနေတစ်ဆင့်ပေးပို့ခဲ့ပါတယ်။ဌာနကို ရောက်ရှိလာချိန်မှာတော့ နွားအစာအိမ်ဟာ ပုပ်နေပြီဖြစ်သော်လည်း ဝန်ထမ်းတွေက အစာအိမ်အတွင်းကနေ ဒေါ်လာ ၆၀၀ ကို တွေ့ရှိခဲ့ရပြီးနောက် လယ်သမားအား ငွေစက္ကူတွေကိုပြန်လည် လဲလှယ်ပေးခဲ့ပါတယ်။ငွေကြေးဖျက်ဆီးရေးဌာနဟာ ငွေစက္ကူများကိုသာ တာဝန်ခံပြီးတော့ ငွေအကြွေတွေနဲ့ ဒင်္ဂါးများကိုတော့ အမေရိကန်ပြည်ထောင်စု ဒင်္ဂါးသွန်းဌာနသို့ပေးပို့ရပါတယ်။ ကဲ... အမေရိကန်ပြည်ထောင်စုက ငွေကြေးဖျက်စီးရေးဌာနရဲ့ ဝန်ဆောင်မှုကတော့အံ့မခန်းပါပဲနော်... ပရိတ်သတ်ကြီးရေ... 

Photo Source: Pngtree

Source: မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။