ကလေးဘဝတည်းကမှစပြီး ယနေ့အချိန်ထိ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူကတော့ မင်းသားကြီးလွင်မိုးရဲ့သမီးလေး ယွန်းဝတီလွင်မိုးပဲ ဖြစ်ပါတယ်။ ခေးလေးဟာ လတ်တလောမှာတော့ ချစ်ခင်ပွန်းနဲ့အတူ သြစတေးလျနိုင်ငံတွင် ကျောင်းသွားတက်နေတာပါ။ ကျောင်းပိတ်ရက်တိုင်း မြန်မာနိုင်ငံကို ပြန်လာပြီးအနုပညာအလုပ်တွေကို တတ်နိုင်သလောက်လုပ်ကိုင်နေတာပါ။  

Photo Credit - Yunwady's Instagram
Photo Credit - Yunwady's Instagram
Photo Credit - Yunwady's Instagram

သူမရဲ့သားလေး လွင်ထက်ဟာလည်း ပရိသတ်တွေ အားလုံးရဲ့အချစ်တွေကို အပြည့်အဝရရှိထားတာပါ။ ခေးလေးတို့ဇနီးမောင်နှံဟာ ပြည်ပမှာ ကျောင်းသွားတက်နေတာကြောင့် သားလေးကို အဖိုး၊အဖွားတွေနဲ့ ထားခဲ့ရတာပါ။ အားလပ်ချိန်များတွင်တော့ သားလေးကို Video Call ခေါ်ကာ အလွမ်းသည်နေရတာပါ။  

Photo Credit - Yunwady's Instagram
Photo Credit - Yunwady's Instagram
Photo Credit - Yunwady's Instagram

သူမရဲ့ လှုပ်ရှားမှုတွေကိုလည်း Instagram လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးနေတာပါ။ အခုတစ်ခေါက်မှာလည်း သူမရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေနဲ့ ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ အနမ်းပေးနေတဲ့ဗီဒီယိုလေးကို ခေးလေးရဲ့ Instagram myday မှာတင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Yunwady's Instagram Myday

Photo Credit - Yunwady's Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။