ကရင်ပြည်နယ် ဘားအံမြို့၌ ပထမအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်သည့် MFF-MPT Grassroots Football Festival 2019 လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ(ဘားအံဇုန်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာ ၁၉ ရက်၊ ညနေပိုင်းက ဘားအံမြို့၊ အောင်သံလွင်ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဘားအံမြို့တွင် ပထမအကြိမ် ကျင်းပသည့် MPT အသက် ၁၄ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ ၂၈ ရက်အထိ အောင်သံလွင်ကွင်း၌ တစ်ရက်လျက် နှစ်ပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပရိသတ်များ အခမဲ့ လာရောက် အားပေး ကြည့်ရှုနိုင်မည်ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

ပြိုင်ပွဲတွင် ကရင်ပြည်နယ်အတွင်းမှ ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဗိုလ်စွဲသည့်အသင်းအား တံခွန်စိုက်ဆုဖလားနှင့်အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၅ သိန်းနှင့် တတိယရရှိသည့်အသင်းကို ဆုတံဆိပ်နှင့် အတူ ဆုငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည့်အပြင် ပြိုင်ပွဲဝင် အသင်းတိုင်းအား တစ်သင်းလျင် ထောက်ပံ့ကြေး ငွေကျပ် ၁၀ သိန်းနှင့် အားကစားဝတ်စုံများ၊ ဘောလုံးများ ပံ့ပိုးပေးထားပါတယ်။ ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု၊ နေရာအလိုက်အကောင်းဆုံးကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုပါ ရွေးချယ်ချီးမြှင့်ပေးသွားမည်ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

MFF-MPT Grassroots Football Festival 2019 လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိရာ မန္တလေး၊မုံရွာ(ရွှေဘို)၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ တောင်ကြီးမြို့များတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ် ။ ဆက်လက်ပြီး မော်လမြိုင်၊ ပုသိမ်၊ စစ်တွေမြို့များတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပါတယ်။ 

source : MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။