Sexy ဆန်ဆန်ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပုရိသယောက်ျားလေးတွေကြားမှာ အထူးတလည်ရေပန်းစားအောင်မြင်နေတဲ့ မိန်းမလှလေးတစ်ယောက် ဖြစ်ပါတယ်။ သင်ဇာက ချောမောပြေပြစ်တဲ့ မျက်နှာလှလှလေးအပြင် ဆွဲဆောင်မှုရှိလွန်းတဲ့ အလှတရားတွေကြောင့်လည်း အားလုံးရဲ့အာရုံစိုက်ခြင်းခံနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ "ICON KTV Grand opening" ပွဲကိုလည်း သင်ဇာက အမိုက်စားဖက်ရှင်နဲ့ ပွဲတက်ခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ သင်ဇာက သူမအနေနဲ့ မောင်လေးတွေကိုမကြိုက်ကြောင်း ကိုယ့်ထက် အသက် ၅နှစ်၊ ၆နှစ်ကြီးတဲ့ ကိုကြီးတွေကိုပဲကြိုက်တယ်ဆိုပြီးလည်း အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့ပါတယ်။
သင်ဇာက ဖျော်ဖြေပွဲတွေလက်ခံပြီး ပရိသတ်တွေကို သီချင်းဆိုဖျော်ဖြေတဲ့အခါမှာလည်း ကြုံတွေ့ရတဲ့အဖြစ်တွေနဲ့ သူမရဲ့ခံစားချက်တွေကိုလည်း ပြောပြသွားခဲ့ပါသေးတယ်။ ဒါ့အပြင် သင်ဇာက ပရိသတ်တွေကို အရမ်းစိတ်ဝင်စားနေတဲ့ မြမြရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးဖြစ်သွားမယ့်အကြောင်းကို စုံစုံလင်လင်ပြောပြသွားခဲ့သလို မင်းသားအဖြစ်ပါဝင်သရုပ်ဆောင့် ဖြိုးမြတ်အောင်အပေါ် သူမရဲ့အမြင်ကိုလည်း ဖွင့်ဟခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့အင်တာဗျူးဗီဒီယိုလေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။
Photo Credit-Thin Zar Wint Kyaw's FB
Video - Myanmarload TV
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။