သရုပ်ဆောင်မင်းသွေးဟာ လတ်တလောမှာ ပုံမှန်ရုပ်ရှင်ဇာတ်ကားထက်ထူးခြားလို့ နာမည်ကြီးနေတဲ့ ခေါက်ထီးလေးမလုံတစ်လုံ ဇာတ်ကားကို

ကြည့်ရှုပြီး ခုလိုသုံးသပ်ပါတယ် ။

" ခေါက်ထီးလေးမလုံ့တလုံ "

ကြော်ငြာမဟုတ်ပါ

သွားကြည့်ပြီး ခံစားရသလောက်

ပြန်ပြောပြတာပါ ❗️

ဒီဇာတ်ကားကို သွားကြည့်ဖြစ်အောင် ကြည့်ကြပါလို့

တိုက်တွန်းပါရစေ

ရုပ်ရှင်ကို အနှစ်သာရရှိရှိ ကြည့်ချင်သူများ သွားကို သွားကြည့်သင့်တဲ့ ရုပ်ရှင်ကားပါ

ဇာတ်ညွှန်း - ကိုမိုးနီလွင် ( အအလွန်ကောင်းပါပေတယ်ဗျာ)

ဒါရိုက်တာ - မီးပွား (မီးပွားကတော့ မီးပွားပါပဲ)

သရုပ်ဆောင်

မင်းမော်ကွန်း - ပါးပါးလေး သရုပ်ဆောင်သွားတာ တကယ်ကိုကောင်းပြီး အတုယူရပါတယ်အကို

အေးမြတ်သူ - ဇာတ်ကားကြည့်ရှု့သူတွေကို ဇာတ်ကားအစကနေ ဇာတ်ကားဆုံးတဲ့အထိ မျောနေအောင် ဖမ်းစားနိုင်တယ်ဗျာ

စိုးပြည့်သဇင် - ဇာတ်ရုပ်ကို ဇာတ်ရုပ်နဲ့ တူအောင် ပရိတ်သတ်စိတ်ကို ဖမ်းစားတယ်

မင်းဦး - အကို့ကြောင့် ဇာတ်အရှိန်ပို တက်စေတယ်

ကျွှန်တော်အကြိုက်ဆုံး ဇာတ်ဝင်ခန်းကတော့

ခေါက်ထီးလေးတစ်ချောင်းကို

သုံးယောက်သား မလုံ့တလုံ့ ဆောင်းကြတဲ့

အခန်းပဲဗျာ ?

မှတ်ချက် - မျက်ရည်လွယ်သူများ တစ်ရှုး တစ်ခါတည်း ဆောင်သွားပါ " တဲ့ ။

အနုပညာလောကသားအချင်းချင်းတောင် ပြန်ချီးကျူးရတဲ့ဇာတ်ကားမို့ ကားကောင်းလေးတစ်ကားဆိုတာကတော့ သေချာသလောက်ဖြစ်နေပါပြီ ။

Source : Min Thway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။