ကြော်ငြာဓာတ်ပုံတွေ ရိုက်ကူးရာမှတစ်ဆင့် အနုပညာလောကထဲကို ဝင်ရောက်လာသူကတော့ သရုပ်ဆောင် မေတိုးခိုင်ပါ။ သူမဟာ ပြည်သူချစ်မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ရဲ့ တူမအရင်းပါ။ အူဝဲရဲ့ကိုယ်ပွားလေးလို့ထင်မှတ်ရလောက်အောင် အဒေါ်ဖြစ်သူနဲ့ ရုပ်ချင်းအရမ်းဆင်တာပါ။  

Photo Credit - May Toe Khine's Facebook Account
Photo Credit - May Toe Khine's Facebook Account
Photo Credit - May Toe Khine's Facebook Account

မေတိုးခိုင်ဟာ လက်ရှိမှာတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ " ရူးအောင် ချစ်မယ့်လူ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသနေတာပါ။ ဒီဇာတ်ကားကြီးဟာ မေတိုးခိုင်ရဲ့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ ဒီဇာတ်ကားကြီးကိုတော့ အဒေါ်ဖြစ်သူ အူဝဲနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာပါ။  

Photo Credit -Rvb Photography
Photo Credit - May Toe Khine's Instagram myday
Photo Credit - May Toe Khine's Instagram myday

သူမရဲ့ အားလပ်ချိန်များကိုလည်း အူဝဲရဲ့ကလေးတွေဖြစ်တဲ့ သုသုနဲ့ဖိုးဓီလေးကို အချိန်ပေးဖြစ်နေတာပါ။ အခုတစ်ခေါက်မှာလည်း ဖိုးဓီလေးနဲ့အတူ အပြင်လျှောက်သွားနေကြတဲ့ ဗီဒီယိုလေးကို သူမရဲ့ Instagram Myday မှာ တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - May.tk 7 Instagram Myday

Photo Credit - May Toe Khine's Facebook Account and Rvb Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။