မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် RGK+Z&A Co.,Ltd တို့ စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့ (စက်တင်ဘာ ၁၉ ရက်) နေ့လယ် ၂း၀၀ နာရီက ရန်ကုန်မြို့ Novotel Yangon Max Hotel, Eureka ခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး စပွန်ဆာပေးသည့် RGK+Z&A Co.,Ltd ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

RGK+Z&A Co.,Ltd Chairman/CEO ဦးဇေယျသူရမွန်က စပွန်ဆာပေးရသည့် အကြောင်းရင်းနှင့် ဘောလုံးလောက တိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ အခမ်းအနား အစီအစဉ်အရ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် RGK+Z&A Co.,Ltd Chairman/CEO ဦးဇေယျသူရမွန်တို့ လက်ဆောင်ပစ္စည်း အပြန်အလှန် လဲလှယ်ခဲ့ကြပြီးနောက် နှစ်ဘက်တာဝန်ရှိသူများက (၂)နှစ်သက်တမ်းရှိ စပွန်ဆာ စာချုပ်ကို လက်မှတ်ထိုး ချုပ်ဆိုခဲ့ကြပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

RGK+Z&A Group သည် မြန်မာ့ဘောလုံး လောကအား Fresh Air-conditioner အမည်ဖြင့် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုမျှရှိခဲ့ပြီဖြစ်ပါတယ်။ ယခု ၂၀၁၉ ခုနှစ် ဇွန်လမှ စတင်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ (၂)နှစ်တာ ကာလအတွက် USD 180,000 တန်ကြေးရှိ Co Sponsor စာချုပ်တစ်ရပ်ဖြင့် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဝိုင်းဝန်းကူညီပေးသွားရန် RGK+Z&A Group မှစာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

source: MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။