အဆိုတော်မလေး ဆိုဖီယာကတော့ ထူးခြားတဲ့အသံပါဝါနဲ့ သီချင်းတွေကိုသီဆိုလေ့ရှိတာကြောင့် "Myanmar Idol Season1 " ပြိုင်ပွဲမှာကတည်းက ပရိသတ်တွေက အားပေးဝန်းရံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆိုဖီယာက တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့သလို သူမရဲ့သီချင်းတော်တော်များများကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေပြီ ဖြစ်ပါတယ်။

Photo Credit-Sophia Everest Aurora's FB
Photo Credit-Sophia Everest Aurora's FB
Photo Credit-Sophia Everest Aurora's FB

အခုဆိုရင် ဆိုဖီယာက ပွဲအခမ်းအနားတွေနဲ့ ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသလို အမိုက်စားသီချင်းအသစ်တွေကိုလည်း ဖန်တီးနေတာ ဖြစ်ပါတယ်။ အခုလည်း ဆိုဖီယာက တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်တစ်ခုမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ဖျော်ဖြေခဲ့ရပါတယ်။ ဒီပွဲလေးမှာတော့ ဆိုဖီယာက "Crush On You " ဆိုတဲ့သီချင်းလေးနဲ့ သီဆိုဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-Sophia Everest Aurora's FB
Photo Credit-Sophia Everest Aurora's FB
Photo Credit-Sophia Everest Aurora's FB

အခုလည်း ဆိုဖီယာက သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ "Crush On You " ဆိုတဲ့သီချင်းလေးနဲ့ ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေထားပါတယ်။ ဆိုဖီယာက အာဆီယံနိုင်ငံတွေ စုံစုံလင်လင်တက်ရောက်တဲ့ ဒီပွဲလေးမှာ အကောင်းဆုံးသီဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် တရုတ်နိုင်ငံမှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ အဆိုတော်မလေး ဆိုဖီယာရဲ့ဗီဒီယိုဖိုင်နဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Sophia Everest Aurora's FB

Photo Credit-Sophia Everest Aurora's FB
Photo Credit-Sophia Everest Aurora's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။