ဇော်နဲ့မော်တို့မောင်နှမအဖြစ် "နှင်းဆီ" ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော ရှင်မွေလနဲ့ မင်းသမီးချောလေး ဝေလာရီတို့ကိုတော့ ပရိသတ်တွေက ချစ်ခင်အားပေးကြမယ် ထင်ပါတယ်။ သူတို့နှစ်ယောက်လုံးက "နှင်းဆီ" ဇာတ်လမ်းတွဲလေးမှာ အကောင်းဆုံးအိုက်တင်တွေနဲ့ အပီအပြင် သရုပ်ဆောင်ပြခဲ့ကြတာကြောင့် ပရိသတ်တွေရဲ့အားပေးနှစ်ခြိုက်မှုကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit -Wai Lar Ri's FB
Photo Credit -Wai Lar Ri's FB
Photo Credit -Wai Lar Ri's FB

ဒီဇာတ်လမ်းတွဲလေးမှာတော့ ဇော်အဖြစ် ရှင်မွေလက သရုပ်ဆောင်ခဲ့ပြီး မော်အဖြစ် ဝေလာရီက ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ "နှင်းဆီ" ဇာတ်လမ်းတွဲလေးက အောင်မြင်စွာ ဇာတ်သိမ်းသွားခဲ့ပြီဖြစ်တာကြောင့် ပရိသတ်တွေက ဇော်နဲ့မော်တို့မောင်နှမကို သတိတရရှိနေကြမယ် ထင်ပါတယ်။ ဒါကြောင့်လည်း ဝေလာရီက ရှင်မွေလနဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။

Photo Credit -Wai Lar Ri's FB
Photo Credit -Wai Lar Ri's FB
Photo Credit -Wai Lar Ri's FB
Photo Credit -Wai Lar Ri's FB

ဝေလာရီက " ဇော် နဲ့ မော် ကို လွမ်းနေကြပြီလား " ဆိုပြီး စကားတွေပြောရင်း ပျော်ရွှင်ရယ်မောနေတဲ့ သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ရှင်မွေလနဲ့ ဝေလာရီတို့က အပြင်မှာလည်း တကယ့်ကိုရင်းနှီးခင်မင်ကြတဲ့ အနုပညာမောင်နှမတွေဆိုတာ ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရှင်မွေလနဲ့ ဝေလာရီတို့သူငယ်ချင်းနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Wai Lar Ri's FB 

Photo Credit -Wai Lar Ri's FB
Photo Credit -Wai Lar Ri's FB
Photo Credit -Wai Lar Ri's FB
Photo Credit -Wai Lar Ri's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။