ကဲ... ချစ်ပရိသတ်တို့ရေ... ဒီအိမ်လေးကတော့ သာမန်လူနေအိမ်လေးတစ်လုံးဖြစ်ပေမယ့် သဘာဝလွန် အဖြစ်အပျက်လေးတွေနဲ့ မို့အတော်လေးထူးဆန်းပါတယ်နော်။ ဒီအိမ်လေးကိုတော့ John Lawson House လို့ခေါ်ပါတယ်။John Lawson House ဆိုတာဟာ အမေရိက မှာ ထူးဆန်းတဲ့စာရင်း ဝင်ပါသတဲ့နော်။ အဲ့ဒီအိမ်လေးမှာ ဘယ်သူနေလဲဆိုတာကို တိတိကျကျ ဘယ်သူမှ မသိကြပါဘူး။ ဒီအိမ်ရဲ့ ရာဇဝင်အနေနဲ့ကတော့ 1845 ခုနှစ်မှာ ရပ်ကွက်တစ်ခုလုံး မီးလောင် ပြီးတဲ့နောက်မှာ တစ်လုံး ကျန်ခဲ့အိမ်လေးလို့သိရပါတယ်။
အိမ်ပိုင်ရှင်ဟာ သူရဲ့ သေဆုံးသွားတဲ့ဆွေမျိုးတွေကို လွမ်းဆွတ် သတိရတဲ့ အနေနဲ့ ရုပ်ထုတွေ ထုလုပ်ခဲ့တာလား? သို့တည်းမဟုတ် ဖက်ရှင်တွေ ကို နှစ်သက်လို့ အဝတ် အစား သစ်တွေ မဟောင်းနွမ်းအောင် ဆင်ယင် ပေးထားတာလားဆိုတာကို မခန့်မှန်းတက်ပေမဲ့ အရုပ်တွေရဲ့အဝတ်အစားတွေဟာ အမြဲတမ်း သစ်လွင်နေပြီး လက်ထဲမှာလည်း ထူးထူးဆန်းဆန်း ပစ္စည်းလေးတွေရှိနေတက်ပါတယ်တဲ့။ ဥပမာ- ငှက်လှောင်အိမ်လေးတွေ / စာအုပ်လေးတွေ/ ပဝါစလေးတွေ စသည်ဖြင့်ပေါ့။
1971 ခုနှစ်မှာ ဒီအိမ်လေးနဲ့ မလှမ်းမကမ်းမှာ မီးရထား မတော်တဆ ဖြစ်ခဲ့ပြီတော့း လူပေါင်း ၂၀ လောက်သေဆုံးခဲ့ဖူးပါတယ် ။ အရုပ်တွေရဲ့ ဦးခေါင်း ဟာလည်း မီးရထား မတော်တဆမှုဖြစ်ခဲ့တဲ့နေရာကို တစ်ခါတစ်ရံ ဦးခေါင်းတွေ လှည့်နေတက်ပါသေးတယ်။ ယနေ့အချိန် မှာတော့ ဒီအိမ်လေးဟာ ပိုင်ရှင်အသစ်ရရှိခဲ့ပြီဖြစ်ပြီးတော့ အိမ် ရဲ့ Mysteryသတင်းအသစ်တွေတော့ ထပ်တက်မလာခဲ့တော့ပါဘူး။ ကဲ... စိတ်ဝင်စားစရာအိမ်လေးကတော့ အခုနောက်ပိုင်းတွေမှာ အိမ်ကောင်းလေးတစ်လုံးတကယ်ပဲဖြစ်လို့သွားပြီလားဆိုတာတော့ စဉ်းစားစရာပါပဲနော်....
Source: သံ ဇဉ် မိုးဇတ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။